အချိန်တိုင်း နေရာတိုင်းမှာ ချစ်လို့မဝနိုင်လောက်အောင် လှရက်နိုင်သူလေးကတော့ မေလေးလို့ ချစ်စနိုးခေါ်တက်တဲ့ မေမြင့်မိုရ်ပါပဲ။ စူးရှတဲ့မျက်ဝန်းလဲ့လဲ့ကလေးတွေကို ပိုင်ဆိုင်သလို ကြွေလောက်တဲ့ အပြုံးလေးတွေကို ခြွေချပေးနိုင်တဲ့ နှုတ်ခမ်းလှလှလေး ကိလည်း ပိုင်ဆိုင်ထားပါတယ်။

“ ပုဂံမြို့သူ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတဲ့သူမက ပုဂံမြို့ကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ပုဂံမြို့ရဲ့ အပြန်ခရီးစဉ်မှာတော့ အနက်ရောင်ဆန်တဲ့ ဖက်ရှင်အတွဲအစပ်တွေနဲ့ စတိုင်ကျနေတဲ့သူမက “ ခပ်ချေချေ ပုဂံမြို့သူ” ပါလို့လဲ ဆိုထားပါသေးတယ်။ ဒီလိုအိမ်ပြန်ခရီးစဉ်မှာတော့ ညောင်ဦးလေဆိပ်မှာ မေမြင့်မိုရပ်ကိုယ်ပွားလေးနဲ့ တွေ့လို့လည်း ဓာတ်ဖမ်းခဲ့ပါသေးတယ်တဲ့။

ပရိသတ်ရင်ထဲကမမေ့နိင်တဲ့ ပန်းနုသွေး ဆိုတဲ့ဇာတ်ရုပ်နေရာကို အကောင်းဆုံး ပုံဖော်ခဲ့သူတစ်ဦး လည်း ဖြစ်ပါတယ်။ မကြာခဏအချစ်အကြောင်းလေးတွေ ပြောပြတာမို့ ချစ်ရသူရှိနေပြီလားဆိုတဲ့ အမေးအပေါ် သူမကတော့ တစ်ယောက်တည်းပါလို့ဆိုပါတယ်။

ဒါကတော့ မေလေးကိုချစ်တဲ့ Myanmar Load ကပရိသတ်တွေအတွက်ပဲ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source – May Myint Mo FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။