မနေ့ကညက နှုတ်ဆက်သွားတဲ့ ဥယျာဉ်မှူးလေးတွေကတော့ ပရိသတ်ရှေ့ကိုမတူညီတဲ့ ဇာတ်ရုပ်တွေနဲ့ ပြန်လာအုံးမှာပါ။ ပရိသတ်အားပေးမှု တစ်ခဲနက်ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲလေးမို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ သူမလေးတို့ကိုတော့ ပရိသတ်ကြီးက မေ့မယ်မထင်ပါဘူးနော်။

ဒီဇာတ်လမ်းတွဲလေးမှာ ကလေးလေးတွေရဲ့ အနာဂတ်အတွက် ပျိုးထောင်ပေးနေတဲ့ ဥယျာဉ်မှူးအဖြစ် ပိုးကြာဖြူခင်က အကောင်းဆုံးပုံဖော်ထားပါတယ်။ လိုက်ဖက်လွန်းတဲ့ ကာရိုက်တာနဲ့ အေးချမ်းလွန်းတဲ့ သူမမျက်နှာလေးကပဲ အလှချင်းပြိုင်နေတဲ့ ပန်းလေးတွေကြားမှာကွဲထွက်လို့နေတာပါ။

မတွေ့ရတော့လို့ စိတ်ညစ်နေမယ့် သူမလေးရဲ့ ပရိသတ်တွေအတွက် သတင်းကောင်းလေး တစ်ခုှရှိပါတယ်။ ဒါကတော့သူမရဲ့နောက်ထပ်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “ မိုးကောင်းကင် အိပ်မက်” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပြန်လည်မြင်တွေ့ရတော့မှာပါ။ ဒီဇာတ်လမ်းတွဲလေးမှာရော သူမက ဘယ်လိုနေရာက သရုပ်ဆောင်မှာလဲ? ဘယ်လိုတွေ ချစ်စရာကောင်းအောင် မြင်တွေ့ရမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးကို တူတူစောင့် ကြည့်လိုက်ရအောင်နော် ။

Source – Poe Kyar Kyar Phyu Khin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။