သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မေပန်းချီကတော့ အထာကျလွန်းတဲ့ ဂျင်းဖက်ရှင်တွေနဲ့ အပြတ်လန်းလို့နေပါတယ်။ သူမကတော့ဒီလို ခပ်မိုက်မိုက်ပုံလေးတွေကို ရိုက်လေ့ရှိကာ လူမှုကွန်ရက်က သူမရဲ့Fan အတွက်မကြာခဏဆိုသလို ပြန်လည်မျှဝေတက် သူတစ်ယောက်ပါ။ အခုရက်ပိုင်းမှာတော့ သူမကဒီလိုအမိုက်စား ဂျင်းဖက်ရှင်တွေကိုသာ ဝတ်လု့ိနေပါတယ်။

သူမကြိုက်နှစ်သက်တဲ့ ဂျင်းတွေအတွက်တော့ Kate Amazing Jean ဖက်ရှင်ကိုဖွင့်လှစ်ထားပါတယ်။

သူမဝတ်တဲ့ ဂျင်းဖက်ရှင်တွေကို သဘောကျတယ်ဆိုရင်တော့ ဒီဆိုင်လေးကိုသာ ပြေးသွားလိုက်ပါလို့ ကြော်ငြာဝင်ပေးလိုက်တယ်နော် ။

လက်ရှိမှတော့ “ လင်ကြောက်ရွာ” ဆိုတဲ့ အချစ်ဟာသ ကားကြီးကိုရိုက်ကူးနေပါတယ်။ အနုပညာလှုပ်ရှားမှုများအနေနဲ့ကတော့ နယ်ရှိုးပွဲများတွင် သီချင်းများဆိုကာ ကားရိုက်အတွက်ကတော့ အဆက်မပြတ်အောင် ကြိုးစားနေတယ်လို့ဆိုပါတယ်။

အချစ်နဲ့ ပတ်သက်လို့တော့ ခံစားချက်တွေကို ထပ်ပြီး ဦးစားမပေးတော့ဘူးလို့ ဆိုထားသလို အချစ်နဲ့ဝေးဝေးနေဖို့ ဆုံးဖြတ်ထားတယ်လို့လဲ သိရပါတယ်။ ပြည့်ပြည့်ဝဝလေးနဲ့ ချစ်ဖို့ကောင်းတဲ့ မေပန်းချီဆိုတဲ့ သူမလေးကိုလည်း အားပေးမယ်မဟုတ်လား ပရိသတ်ကြီးရေ။ ဒါဆို ဂျင်းဖက်ရှင်တွေနဲ့ ဘယ်လိုတွေတောင် မိုက်နေလဲဆိုတာ ကြည့်ရအောင်နော် ။

Source – May Pan Che FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။