မြန်မာနိုင်ငံရဲ့ နာမည်ကြီး Beauty Blogger နေခြည်ဦးကတော့ သူမရဲ့ Idol ဖြစ်တဲ့ ကမ္ဘာကျော် စူပါမော်လ်ဒယ် Gigi Hadid နဲ့ တွေ့ဆုံရတော့မှာမို့ အပျော်ကြီး ပျော်နေပါတယ်..။

သူမရဲ့ မွေးနေ့လေးမှာ တွေ့ဆုံရမှာမို့ ထူးထူးခြားခြားလေးနဲ့ အမှတ်တရ ဖြစ်ပြီး အရမ်းကို ပျော်နေတဲ့အကြောင်းကို ချီချီက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

ဂျပန်မှာ ပြုလုပ်ကျင်းပမယ့် Gigi Hadid နဲ့ MAYBELLINE NEW YORK တွဲထုတ်တဲ့ မိတ်ကပ် collection အတွက် အလှမယ် မေမြတ်နိုးနဲ့အတူ တတ်ရောက်ဖို့ ဖိတ်ကြားခံရတာ ဖြစ်ပြီး အဲ့ဒီပွဲမှာ Gigi Hadid နဲ့ တွေ့ဆုံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်..။

Gigi Hadid နဲ့ တွေ့ဆုံရမှာဖြစ်လို့ ပျော်နေတဲ့ အကြောင်းနဲ့ သူမအနေနဲ့ Gigi Hadid ဘယ်လောက်အထိ သဘောကျနှစ်သက်မိတယ်ဆိုတဲ့ အကြောင်းကို ချီချီက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

“2014 Tom Ford ရဲ့ မျက်မှန်တွေအတွက် ကြော်ငြာမော်ဒယ် စလုပ်ကတည်းက ကြွေခဲ့ရသူ.. သူမဟာ အလုပ်နဲ့ personal life ကိုအမြဲ balance ဖြစ်အောင်နေနိုင်လွန်းလို့

သူမ my story snap chat ig နေ့စဉ်အမြဲ လိုက်ကြည့်လေ့လာနေရသူ..

ပါးဖောင်းဖောင်းလေးနဲ့ သေလောက်အောင် ကြွေရတဲ့ body ကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာကျော် စူပါမော်ဒယ်သူမကို ချစ်လွန်းကို မျက်ခုံးမွှေးလေးဘဲ တူရတူရဆိုပြီး သတ္တိရှိရှိ မျက်ခုံးမွှေးတစ်ဝက်ဆီ ရိတ်ချဖူးသူ.. Maybelline နဲ့ NYFW သွားတုန်းက သူလေးနဲ့များတွေ့ခွင့်ရမလား ရင်ခုန်ခဲ့ရပေမယ့် နည်းနည်းလေးလွဲသွားလို့ အော်ငိုဖူးသူ..

အခုတော့...... သူမရဲ့ GI GI HADID နဲ့ MAYBELLINE NEW YORK တွဲထုတ်တဲ့ မိတ်ကပ် collection အတွက် ညီမလေး မေမြတ်နိုးရယ် media team ရယ်နဲ့သူမတွေ့ဖို့ကြိုဆိုနေတဲ့ Japan ကို သွားရတော့မယ်ဆိုတာ သေချာသွားတဲ့ သကာလ.... ကြိုးစားရကျိုးတကယ်နပ်ပါတယ်.. ထူးထူးခြားခြား ကိုယ့်ရဲ့မွေးနေ့မှာလည်းဖြစ်နေတော့ တကယ် အတိုင်းမသိပါဘဲ..” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

နေခြည်ဦးဟာ ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ်ကလည်း Maybelline ရဲ့ ဂျပန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ New York Fashion Week ကို တက်ဖို့ ဖိတ်ကြားခံခဲ့ရလို့ တတ်ရောက်ခဲ့ပါသေးတယ်..။

ချီချီလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ နေခြည်ဦးကတော့ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ဆယ်လီတစ်ဦးပဲ ဖြစ်ပါတယ်..။

လတ်တလောမှာလည်း မိတ်ကပ်ပညာတွေကို ဆက်ပြီး လေ့လာမျှဝေနေသလို အခမ်းအနားပွဲတွေ တော်တော်များများတတ်ရောက်နေပြီး ဓာတ်ပုံ မဂ္ဂဇင်းကြော်ငြာများလည်း ရိုက်ကူးပေးနေကာ ဇာတ်ကားတွေလည်း ရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်..။

မိတ်ကပ်ပညာတွေကို အမြဲမျှဝေပေးသလို အမြဲတတ်ကြွပြီး ပွင့်လင်းတဲ့ သူမရဲ့ ချစ်စဖွယ် ဟန်ပန်အမူအရာလေးတွေကြောင့်လည်း လူချစ်လူခင်များကာ ပရိသတ်တွေကတော့ အချစ်ပိုနေရဆဲပါပဲ..။

Source - နေခြည်ဦး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။