Facebook ရဲ့ စီအီးအို မတ်ဇူကာဘတ်က News Feed ပြောင်းလဲမှု ကိုကြေညာပြီးနောက်မှာကမ္ဘာ့ စတုတ္ထမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် အဖြစ်ကနေကမ္ဘာ့ ပဌ္စမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် နေရာကို နန်းကျ သွားပါတယ်။ မတ်ဇူကာဘတ်ဟာ News Feed မှာစီးပွားရေးလုပ်ငန်းများ၊ ထုတ်ကုန်များ၊ သတင်းမီဒီယာများရဲ့ ပို့စ်များအစားသူငယ်ချင်း၊ မိသားစု ဝင်များရဲ့ ပို့စ်များကိုဦးစားပေး ပြသမယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့ ကကြေညာခဲ့ပါတယ်။

ဒီပြောင်းလဲမှုဟာ Facebook ရဲ့ ဝင်ငွေကို ထိခိုက်စေမယ်လို့ ယူဆ တဲ့အတွက် သူ့ရဲ့ ရှယ်ယာတန်ဖိုးများဟာလည်း ၄.၅ ရာခိုင်နှုန်းကျဆင်း ခဲ့ပါတယ်။ အဲဒီအတွက် ဇူကာဘတ်ဟာဒေါ်လာ ၃.၃ ဘီလီယမ်ခန့် ဆုံးရှုံးခဲ့ပါတယ်။ Bloomberg ရဲ့ ဘီလီယမ်နာအညွှန်းကိန်းမှာ ဇူကာဘတ်ရဲ့ ပိုင်ဆိုင်မှုဟာဒေါ်လာ ၇၄ ဘီလီယမ်သို့ ကျဆင်းသွား ပါတယ်။

ဇူကာဘတ်ကသောကြာနေ့မှာ Facebook မှ ပို့စ်တစ်ခုတွင် “ ၂၀၁၈ ခုနှစ်မှာအဓိကအာရုံစိုက်ထားတာတွေထဲမှ တစ်ခုက Facebook ကိုစိတ်ချမ်းသာစွာအသုံးပြုနိုင်ဖို့ ဖြစ်ပါတယ်။ သုတေသနစစ်တမ်း များအရ ချစ်ခင်နှစ်သက်သူများနဲ့ ဆက်သွယ်ဖို့ လူမှုကွန်ရက်ကိုအသုံးပြုသူ များဟာကျန်းမာကြတယ်လို့ ဆိုပါတယ်။ မကြာခင်ကတော့ Users များဟာစီးပွားရေးလုပ်ငန်းများ၊ Brands များနဲ့ မီဒီယာများမှ ပို့စ်များဟာ News Feed မှာပိုမိုများပြားနေတယ်လို့ ပြောကြပါတယ်။ အဲဒီအတွက် သူငယ်ချင်း၊ မိသားစုဝင်များ ဆက်သွယ်ဖို့ ခက်ခဲလာကြပါတယ်။ ယခုုပြောင်းလဲမှုဟာ Users များအတွက် ပိုမိုအဓိပ္ပါယ်ရှိတဲ့ လူမှု ဆက်ဆံရေးကိုရရှိစေဖို့ ရည်ရွယ်ပါတယ်။ ယခုပြောင်းလဲမှုဟာလူတိုင်း အတွက် ပိုမိုကောင်းမွန်လာမှာပါ။” လို့ ရေးသားထားပါတယ်။

Source: Mobile Guide (Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။