ကမ္ဘာကျော် အမေရိကန်အဆိုတော် ဂျက်စတင်တင်းဘားလိပ်ခ် ဟာ သားသမီးအများအပြား လို ချင်ကြောင်း ပြောကြားခဲ့ပါတယ်

ဇနီးဖြစ်သူ နာမည်ကျော်မင်း သမီး ဂျက်စီကာဘယ်လ်နှင့် အတူ သားတစ်ဦး မွေးဖွားခဲ့သော အ သက် (၃၆) နှစ်အရွယ်တင်းဘား လိပ်ခ်က ‘‘ကျွန်တော်တတ်နိုင်သ လောက် ကလေးတွေအများ ကြီး မွေးချင်ပါတယ်’’ လို့ ဆိုပါတယ်

လက်ရှိသားတစ်ဦး ပိုင်ဆိုင်ထားသော ဂျက်စတင်တင်းဘားလိပ်ခ်က သမီးလေးတစ်ဦးလည်းလိုချင်ကြောင်း ပြောဖူးပါတယ်

ဂျက်စတင်တင်းဘားလိပ်ခ်နှင့် ဂျက်စီကာဘယ်လ်တို့သည် ၂၀၁၇တွင် ချစ်သူများဖြစ်ခဲ့ကြောင်း တရားဝင်ကြေညာပြီး ၂၀၁၂ တွင် လက်ထပ်ခဲ့ပြီး ၂၀၁၅ ဧပြီတွင် သားဦလေး မွေးဖွားခဲ့တာပါ

လက်ရှိမှာ ဂျက်စတင်တင်းဘားလိပ်ခ်ဟာ သူ့ရဲ့ ငါးခုမြောက် တေးအယ််လ်ဘမ် ‘Man of the Woods’ ကို ဖေဖော်ဝါရီလထဲ ဖြန့်ချိရန် ပြင်ဆင်နေပြီး ဖေဖော် ဝါရီ ၄ ရက်တွင်ကျင်းပမည့် Super Bowl LII halftime show ဂီတပွဲမှာလည်း ပါဝင်ဖျော်ဖြေမှာဖြစ်တယ်လို့သိရပါတယ် 

သီချင်းကောင်းများစွာကိုဖန်တီးသီဆိိုိုင်သူတစ်ဦးမို့ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်

Source- 7Days 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။