၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲနှင့်ပက်သက်ပြီး ပြေတီဦးကတော့ ချစ်ဇနီးချော အိန္ဒြာကျော်ဇင်ကို အကယ်ဒမီရစေချင်တယ်လို့ ဖွင့်ပြောပြလာခဲ့ပါတယ်။ '' အူဝဲတော့ ပိုပြီး ရနိုင်မယ်လို့ မြင်ပါတယ်။ သူ့ကို ရလည်း ရစေချင်တယ်။ ကျွန်တော်ကတော့ အကယ်ဒမီဆိုတာကလေ ပရိသတ်ရဲ့ ချစ်ခင်မှု အားပေးမှုကို ပိုပြီးတော့ တန်ဖိုးထားပါတယ်။ အကယ်ဒမီဆိုတာက ကျွန်တော်တို့ ဘဝအတွက် မှတ်တိုင်တွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့အတွက် ဘဝတော့မဟုတ်ဘူးပေါ့နော်။ ကျွန်တော်တို့ရဲ့ ဘဝလောက်အထိ အရေးပါတယ်ဆိုတာကတော့ ပရိသတ်ရဲ့ အားပေးမှု ပါပဲ'' လို့ သူကဆိုပါတယ်။

ပရိသတ်တွေရဲ့ အားပေးမှုများစွာရရှိထားတဲ့ ရင်ဘတ်ထဲက ဓား ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး အိန္ဒြာကျော်ဇင်ကို ရစေချင်တဲ့အကြောင်းပြောပြ ခဲ့ ပါတယ်။'' အူဝဲကျတော့ သူတို့ရဲ့ အနေအထားနဲ့ဆိုရင် ရသင့်ရထိုက်တယ်လို့ ထင်တယ်။ ပရိသတ်တွေအားလုံးကလည်း ဒီလိုပဲ ထင်ကြတာပေါ့နော် ဒီအချိန်မှာလည်း နောက်ထပ်တစ်ဆုတော့ ရသင့်ပြီလို့ထင်တယ်။ ရင်ဘတ်ထဲက ဓားဆိုရင်လည်း ပြောစရာမလိုလောက်အောင် တကယ်ကို ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်နေလို့ပါ။ တော်ရုံတန်ရုံဆိုရင်တော့ ရနိုင်တယ်လို့ ပြောလေ့ပြောထမရှိပါဘူး'' လို့ ဆိုပါတယ်။ 

သရုပ်ဆောင်ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ရိုက်ကူးထားတဲ့ ရင်ဘတ်ထဲက ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာဝိုင်းက ရိုက်ကူးပုံဖော်ထားတာပါ။ ပရိသတ်ကြီးလည်း မကြာမီကျင်းပတော့မယ့် မြန်မာ့ရုပ်ရှင်အနုပညာထူးချွန်ဆု ပေးပွဲကြီးမှာ အတူတူရင်ခုန်ကြည့်ရှုကြမယ်နော်။

Source: Duwun Media 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။