ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးတစ်လက်ဖြစ်လာတဲ့ “အမုန်းမှသည်” ဇာတ်ကားထဲက နေချိုသွေး အဖြစ် မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကတော့ အလှအပနဲ့ ပတ်သက်ပြီး ခွဲစိတ်ပြုပြင်ထားခြင်း မရှိကြောင်း ပြောပြလာခဲ့ပါတယ်..။

သူမရဲ့ မျက်နှာ အသွင်အပြင်နဲ့ပတ်သက်ပြီး ခဏခဏ မေးကြလို့ ခွဲစိတ်ပြုပြင်ထားခြင်းမရှိကြောင်း ပြန်လည်ပြောပြထားတာ ဖြစ်ပါတယ်..။

ခွဲစိတ်ပြုပြင်ထားတာ မဟုတ်ဘဲ သဘာဝအတိုင်းသာဖြစ်ပြီး တစ်ခါတလေ ဓာတ်ဖမ်းတဲ့ အခါ sticker effect apps လေးသုံးတာဖြစ်တဲ့ အကြောင်း ချစ်စဖွယ် ပြောပြထားတာ ဖြစ်ပါတယ်..။

မင်းသမီးချောလေး ဆောင်းဝတ်ရည်မေဟာ သူမရဲ့ မျက်နှာကို သွယ်ပြီးလှသွားအောင် ဘာ surgery မလုပ်ထားကြောင်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည် ပြောပြထားတာ တွေ့ရပါတယ်..။

“ဟိုလူ နဲ့ ဒီလူ နဲ့ တူတယ် ပြောနေကြလို့ပါ ပြီးတော့ ပြင်ထာလား ဘာလား မေးကြလို့ အဟိ.. ခလိန်း မျက်နှာ ဘာ surgery မှ လုပ်ထားပါဘူး ... အမေ မွေးထဲက natural ဘူးသီး အတိုင်းပါပဲလို့..

တစ်ခါတလေ ဒါ့ပုံရိုက်ရင်သာ sticker effect apps လေးသုံးတာပါလို့ မျက်နှာလေး သွယ်ပြီး လှသွားအောင် ဘာမှ ခွဲစိတ်ပြု့ပြင်ထားတာ ရှိဘူး..” လို့ ပြောပြထားတာ ဖြစ်ပါတယ်..။

မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကတော့ MRTV-4 က ထုတ်လွှင့်ပြသတဲ့ ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ မင်းသမီးချောလေး တစ်လက်လည်း ဖြစ်ပါတယ်..။

“ဝိဉာဉ်ရှိုက်သံ” ဇာတ်ကားမှာ ကြယ်စင်ချိုအဖြစ် ပရိသတ်တွေရဲ့ အားပေးမှုတွေ စတင်ရရှိလာခဲ့ပြီး “အမုန်းမှသည်” ဇာတ်ကားမှတော့ နေချိုသွေး အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အခဲနက်အားပေးမှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

လတ်တလောမှာလည်း ဓာတ်ပုံ မဂ္ဂဇင်းကြော်ငြာများရိုက်ကူးပေးနေကာ အခမ်းအနားပွဲများတတ်ရောက်နေပြီး ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေတယ်လို့ သိရပါတယ်..။

Source - ဆောင်းဝတ်ရည်မေ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။