အဝတ်လျှော်စက်များ ပေါ်ထွက်နေတာ ကြာမြင့်ပြီဖြစ်ပေမယ့် ပန်းကန်ဆေးစက်များကတော့ ရှားပါးနေပါသေးတယ်။ အခုတော့ စမတ်ကျတဲ့ Tetra အမည်ရ ပန်းကန်ဆေးစက် ထွက်ပေါ်လာပါပြီ။ သူဟာ အင်တာနက်နဲ့တောင် ချိတ်ဆက်နိုင်ပါတယ်။ ပန်းကန်ဆေးရုံတင်မကဘဲ သူ့မှာ အပူပေးတဲ့စနစ်လည်းပါတဲ့အတွက် ကလေးအသုံးအဆောင်ပစ္စည်းများ၊ အစားအစာများကို ပိုးသတ်ဖို့အတွက်လည်း သူ့ကို အသုံးပြုနိုင်ပါတယ်။

သူ့မှာ ထမင်းစားပန်းကန်၊ ရေဖန်ခွက်၊ ဟင်းချိုသောက်ပန်းကန်လုံးနှစ်စုံစာ ထည့်သွင်းဆေးကြောနိုင်ပါတယ်။

ပန်းကန်ပြားပဲထည့်မယ်ဆိုရင် 10 ချပ်နဲ့ ဖန်ခွက်ပဲထည့်မယ်ဆိုရင် 12 ခွက် ထည့်နိုင်ပါတယ်။ ပန်းကန်ဆေးဆပ်ပြာမှုန့် ထည့်တဲ့ခွက်ထဲမှာ တစ်ခါအပြည့်ထည့်ထားရင် အကြိမ်များစွာ ဆေးကြောနိုင်ပါတယ်။ အဝတ်လျှော်စက်များလို ရေထည့်ဖို့အတွက် ရေပိုက်ခေါင်းနဲ့ ဆက်သွယ်ထားရမှာမဟုတ်ဘဲ ရေကို ကိုယ်တိုင်ထည့်ပေးရမှာ ဖြစ်ပါတယ်။ သူ့မှာ ရေထဲမှ အညစ်အကြေးများ၊ အမှုန်အမွှားများကို ဖယ်ရှားပေးတဲ့ နည်းပညာလည်း ပါပါတယ်။ 

ကုမ္ပဏီက Tetra ဟာ အခြားပန်းကန်ဆေးစက်များထက် ရေများကို ပိုမိုသန့်စင်ပေးနိုင်တယ်လို့ ပြောပါတယ်။ သူဟာ အရွယ်အစားကျစ်လျစ်တဲ့အတွက် မီးဖိုချောင်ကျဉ်းတဲ့ နေအိမ်များအတွက်တောင် အဆင်ပြေပါတယ်။ ကုမ္ပဏီက လူနှစ်ယောက်၊ သုံးယောက်ရှိတဲ့ နေအိမ်များအတွက် စမတ်ပန်းကန်ဆေးစက်က သင့်တော်တယ်လို့ ပြောပါတယ်။ ဒေါ်လာ 300 ဖြင့် ယခုနှစ်ကုန်ပိုင်းမှာ ရောင်းချမှာ ဖြစ်ပါတယ်။ 

Source: Net Guide (Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။