အူဝဲလို့သာခေါ်နေကြပေမယ့် အားလုံးချစ်တဲ့မင်းသမီးကတော့ မင်းသမီးကြီးအရွယ်ကို ရောက်ရှိလို့သွားပြီဖြစ်ပါတယ်။ မကြာသေးခင်က အသက်၃၉နှစ်ပြည့်ပြီးနောက် အသက်လေးဆယ်အရွယ်ကိုချဉ်းကပ်လာတဲ့ အိန္ဒြာကျော်ဇင်ကို ပရိသတ်တွေက အချစ်မပြတ်ဘဲ ဆက်လက်အားပေးနေဆဲပါ။ အိန္ဒြာကျော်ဇင်ဖြတ်သန်းလာရတဲ့ အနုပညာသက်တမ်းအစကနေ လက်ရှိအကြောင်းကို အကျဉ်းချုံးဖော်ပြလိုက်ပါတယ်။

အူဝဲကို ၂၄ ရက် ဧပြီလ ၁၉၇၇ တွင် ဦးကျော်ဇင် နှင့် ဒေါ်မြသီတာ တို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ ၃ယောက်အနက်(မြင့်မိုရ်ကျော်ဇင် ၊ အိကျော်ဇင်တို့ရဲ့ ညီမအငယ်ဆုံး) အငယ်ဆုံးသမီးလည်း ဖြစ်သည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ၏ မြေးတစ်ဦး လည်းဖြစ် စာရေးဆရာ ဒဂုန်တာရာ၏ တူမလည်း ဖြစ်သည်။ ထို့အပြင် တေးသံရှင် ဟေမာနေဝင်း နှင့် သရုပ်ဆောင် ရာဇာနေဝင်း ၊ ပိုင်ဇေရဲထွဋ်တို့နှင့်လည်း မောင်နှမဝမ်းကွဲ တော်စပ်သည်။

အိန္ဒြာကျော်ဇင်သည် အ.ထ.က ( ၁ ) ဒဂုံ မှ ကျောင်းသူဟောင်း ဖြစ်သည် ။

ငယ်စဉ်ကျောင်းသူဘဝက အိန္ဒြာကျော်ဇင်သည် ယောက်ျားလျာ စိတ်လေးအနည်းငယ်ရှိသူဖြစ်သည်။

B.Sc(Chemistry) ဘွဲ့ကို ရရှိထားသူလည်း ဖြစ်သည်။ သူမသည် အပျော်တမ်း ပန်းချီဆရာမ ( သို့ ) ဆရာဝန်မ တစ်ဦး ဖြစ်ချင်ခဲ့သည်။ သို့သော် အထက်တန်းကျောင်း ပြီးဆုံးချိန်တွင် သူမ၏ရည်ရွယ်ချက်အား ပြောင်းလဲခဲ့သည်။ ပထမဆုံး အနုပညာခြေလှမ်းအဖြစ် Miss Contest ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Kokkine နှင့် Miss Christmas ဆုများကို တစ်နှစ်တည်းမှာပင် ရရှိခဲ့သည်။ ထိုသို့အောင်မြင်မှုများ ရရှိအပြီး ၂ နှစ်အတွင်းမှာပင် မဂ္ဂဇင်းများနှင့် မော်ဒယ်လ်ရှိူးပွဲများတွင် ကျော်ကြားသူတစ်ဦး ဖြစ်ခဲ့သည် ။

သူမ၏ ပထမဆုံးသရုပ်ဆောင်ကြော်ငြာတစ်ခုမှာ #မြို့တော်_မုန့်ကြွပ် ဖြစ်ခဲ့ပြီး အများသူငါသိခဲ့သော ကြော်ငြာမှာ #စိန်နဲ့မြမွေ့ယာကြော်ငြာပင်ဖြစ်သည် ။

ပထမဆုံး သရုပ်ဆောင်ဇာတ်ကားမှာ မြဝတီရုပ်သံအကျိုးပြုဇာတ်လမ်းဖြစ်သော #ချစ်သောအယ်ဒီတာ တွင် မြဝတီရုပ်သံ၌ တာဝန်ထမ်းဆောင်သော အယ်ဒီတာတစ်ဦးအဖြစ် ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်သော #အနှိုင်းမဲ့ ဇာတ်ကားတွင် ရီဝေယံ နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်လူသိခဲ့သည်။ 

သူမ၏ အသက်သည် ၃၀ ကျော်သို့ ချဉ်းနင်း ဝင်ရောက်ပြီ ဖြစ်သော်လည်း ထိပ်တန်း မော်ဒယ်လ် နှင့် သရုပ်ဆောင် တစ်ဥိးအဖြစ် နေရာယူ ရပ်တည်လျက်ပင် ရှိသည် ။

နောက်တက် model ,သရုပ်ဆောင် များ၏ လေးစားအားကျအတုယူစရာသည် အိန္ဒြာကျော်ဇင် ပင်ဖြစ်လာခဲ့သည် ။အနုပညာကဝေမကြီးလို့ တင်စားခေါ်ဝေါ်ခံရတဲ့ အမေမွှေး(မို့မို့မြင့်အောင်)ကပင် သူမအောင်မြင်ပြီးကာလနောက်ပိုင်း လှည့်ကြည့်လိုက်လျှင် မင်းသမီးလို့မြင်တာ အိန္ဒြာကျော်ဇင် ပဲရှိသည် ဟု သတင်းမီဒီယာတစ်ခုတွင် အတိအလင်းကြေငြာ ဖော်ပြချီးကျူးခံရသူပင်ဖြစ်သည် ။

၂၀၁၁ ခုနှစ်တွင် သရုပ်ဆောင်မင်းသား ပြေတီဦး နှင့် လက်ထပ်ခဲ့ပြီး ၁၄ ရက် အောက်တိုဘာ တွင် သမီးဦး #ပြေသုဒြာ အား မွေးဖွားခဲ့သလို များမကြီမီနှစ်ပိုင်းလေးကမှ သားငယ် #ပြေဓိရ ကို မွေးဖွားခဲ့သည်။လက်ရှိမှာလည်း သူမကိုချစ်တဲ့အားပေးတဲ့ ပရိတ်သတ်တွေအတွက် အကယ်ဒမီဆုများထပ်မံယူပေးဖို့ ကြိုးပမ်းနေသူတစ်ဦးဖြစ်သည်။

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။