သမန်းကျားရယ်လို့ ထင်ရအောင် အဆိုပါလူဟာ ကိုယ်လုံးတီးနဲ့ ကျားစိတ်ဝင်နေခဲ့တာပါ။တောရိုင်းတိရစ္ဆာန်လေ့လာသူတွေဟာ သဘာဝတောရိုင်းတိရစ္ဆာန်တွေရဲ့ ဓာတ်ပုံကိုရယူဖို့ ကင်မရာတစ်လုံးကို ဖွက်ပြီးတောထဲမှာဆင်ခဲ့ပါတယ်။
ပိုလန်နိုင်ငံရဲ့တောအုပ်တစ်နေရာမှာ ဆင်ထားတဲ့ဒီကင်မရာမှာတော့ အဆိုပါလူဟာ ကိုယ်လုံးတီးနဲ့ ကျားလိုတိရစ္ဆာန်တစ်ကောင်ဖွယ် ပြုမူနေတာကိုတွေ့ရပါတယ်။ သူဟာတောထဲမှာ လျှောက်သွားနေခဲ့ပြီး ဆင်ထားတဲ့ ကင်မရာလေးလုံးထဲမှာ သူ့ပုံတွေကိုတွေ့ရှိခဲ့ရပါတယ်။
ရဲတွေက မကြာခင်ပါ အဆိုပါလူကိုဖမ်းမိခဲ့ပြီးနောက် စစ်ဆေးတွေ့ရှိချက်အရ Marek Hလို့အမည်ဖော်ပြထားတဲ့ သူဟာ စိတ်ကျရောဂါကိုကုသဖို့အတွက် LSD ဆေးတစ်ချို့ကို သောက်ခဲ့မိတယ်လို့ဆိုပါတယ်။ LSD ဆေးကြောင့် သူဟာ သူ့ကိုယ်သူကျားသဖွယ်သတ်မှတ်မိပြီး တောထဲ လျှောက်သွားနေခဲ့တာလို့ ဆိုပါတယ်။
တောတွင်းလေ့လာသူတွေဟာ သူတို့ကင်မရာမှာတွေ့တာကို ရဲလက်ကိုချက်ချင်းအပ်ခဲ့တာကြောင့် အဆိုပါလူကိုဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။ အသက် ၂၁နှစ်အရွယ်ရှိ Marek ဟာ ဆိုက်ဘေးရီးယားကျားတစ်ကောင် ဖြစ်သွားတယ်လို့ ခံစားခဲ့ရတယ်လို့ ဝန်ခံထွက်ဆိုခဲ့ပါတယ်။
Source : dailymail
Translated by Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။