အရသာ ရှိစေမဲ့ ကြက်ကချင်ချက် ချက်နည်း

အညွှန်းအတိုင်း စမ်းချက်ကြည့်လိုက်နော်

ကြက်ကချင်ချက်

ကြက်သား ၂၅သား

မျှစ် အနည်းငယ်

ချဉ်စော်ခါးသီး ၂ဖတ်

နံနံပင် ရပင်ခန့်

ဖက်ဖယ်ရွက် ၃ပင်ခန့်

ပင်စိမ်း ၂ပင်

ငရုတ်သီးစိမ်း ၄တောင့်

ကြက်သွန်ဖြူ ၅မွှာ

ဂျင်း ပါးပါး ၂ပြား

ဆား အနည်းငယ်

သကြား ။

ငံပြာရည် ။

နနွင်းမှုန့် ။

ငရုတ်ပုထောင်း ။

-ကြက်သားကိုတုံး ရေဆေးပြီး ရေစစ်ထားပါ။ကြက်သားကို ဆား သကြား နနွင်း ကြက်သွန်ဖြူ ဂျင်း နနွင်း တို့ဖြင့် ၃ဝမိနစ်

ခန့်နှပ်ထားပါ။

-မျှစ်ကိုတစ်ရည်ပြုတ်ပြီးလှီးထားပါ။ချဉ်စော်ကားသီးကို ရေစိမ်

ထားပါ။နံနံပင် ဖက်ဖယ် ပင်စိမ်း ငရုတ်သီးကို နုတ်နုတ်စင်း

(သို့)ကြိတ်/ထောင်းထားပါ ဆီ ၁ဇွန်းခန့်ထည့်၍ ငရုတ်ပုထောင်းဆီသတ်ပါ။ကြက်

သားထည့်၍လုံးပါ။ကြက်သားပါရေခန်းသွားလျှင်ချဉ်စော်ကားသီး ထောင်းထားသော အရွက်ကိုထည့်မွှေပါ။ရေထည့်၍ အဖုံး

အုပ်ကာ ကြက်သားနူးအာင် ၁၅မိနစ်ခန့်တည်ပါ။ရေအနည်း

ခန်းလျှင် ချဉ်စော်ခါးသီးကို ဆယ်ထုတ်၍ မျှစ်ထည့်ပါ။ရေလိုပါ

က အနည်းငယ်ထပ်ထည့်ပါ၊ငံပြာရည်ထည့်ပါ၊ဆူပြီ ၅မိနစ်ခန့်

ကြာလျှင်အရသာမြည်း၍စိတ်ကြိုက်ဖြစ်လျှင်နံနံပင်ဖက်ဖယ်ရွက် ပင်စိမ်း အနည်းငယ်အုပ်၍ ချပါ။

ကချင် မဟုတ်လို့ လိုအပ်တာလေးများရှိရင် ခွင့်လွှတ်နား

လည်းပေးကြပါနော်။

Credit - Original Uploader 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။