Apple ကုမ္ပဏီဟာ ဖုန်းအဟောင်းများကို ဘက်ထရီအသုံးခံဖို့အတွက် အမြန်နှုန်း ကိုလျှော့ချထားတယ်လို့ တရားဝင် ဝန်ခံအပြီးမှာ တရားစွဲဆိုမှုများစွာ ကိုရင်ဆိုင်နေရပါတယ်။ အခုတော့ အလားတူ ပြဿနာကိုဆမ်ဆောင်း လည်းရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ Italian Competition and Market Authority(AGCM) က ဖုန်းအဟောင်းများအား နှေးကွေးစေမှုကြောင့် Apple နဲ့ Samsung တို့အားစုံစမ်းစစ်ဆေးမှုကိုစတင်လိုက်ပါတယ်။

ဆမ်ဆောင်းကတော့ ဖုန်းအဟောင်းများကို နှေးကွေးအောင် မလုပ်ထား ဘူးလို့ ပြီးခဲ့တဲ့ နှစ်ကအတည်ပြုထားပေမယ့် သုံးစွဲသူများရဲ့ တိုင်ကြားမှု များထွက်ပေါ်နေတယ်လို့ AGCM က ပြောပါတယ်။ အီတလီမှာ Apple နဲ့ Samsung တို့ဟာဖုန်းအသစ်များ ဝယ်ယူအောင် ဖုန်းအဟောင်းများမှာ စွမ်းဆောင်ရည်ကိုနှိမ့်ချလိုက်တယ်ဆိုပြီးစွဲချက်တင်ထားပါတယ်။ သုံးစွဲသူ များအားအသိပေးခြင်းမရှိဘဲ Software Update ဖြင့် ယခုလိုဖုန်း အဟောင်းများအား နှေးကွေးအောင် ပြုလုပ်လိုက်တယ်လို့ တိုင်ကြား ထားကြပါတယ်။

နှေးကွေးသွားတဲ့ ဆမ်ဆောင်းရဲ့ စမတ်ဖုန်းများကိုတော့ မသိရသေးပေမယ့် ယခုသတင်းထွက်ပေါ်လာအပြီးမှာတော့ ဆမ်ဆောင်းကဒီသတင်းများကို ငြင်းဆိုလိုက်ပါတယ်။ ဆမ်ဆောင်းဟာယခင်နှစ်ဒီဇင်ဘာလက Apple ရဲ့ ဖုန်ုးအဟောင်းများကို နှေးကွေးစေတဲ့ သတင်းထွက်ပေါ်အပြီးမှာလည်းဒီလို ပြုလုပ်ခြင်းမရှိဘူးလို့ ပြောကြားထားဖူးပါတယ်။ Apple ဟာအမေရိကန်နဲ့ ပြင်သစ်မှာလည်းအလားတူစစ်ဆေးမှုများကိုခံယူနေရပါတယ်။

Source: Mobile Guide

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။