ယနေ့ ဝတ်မှုန်ကူးခြင်းနှင့်ပတ်သက်ပြီး ဗဟုသုတအဖြစ် ကျွန်တော် သိထားသလောက် ရေးသားဖော်ပြပေးချင်ပါတယ်။

ဝတ်မှုန်ကူးခြင်းကို(Pollination)လို့ခေါ်ပါတယ်။

ဝတ်မှုန်ကူးတယ်ဆိုတာက ဘာလဲပေါ့....ဟုတ်ကဲ့ပါ ဝတ်မှုန်ကူးတယ်ဆိုတာက အသီးအနှံတွေ အောင်မြင်ဖြစ်ထွန်းအောင် ဂရုတစိုက်နဲ့ ပြုပြင်ဖန်တီးယူတဲ့ နည်းစနစ်တစ်ခုလို့ ပြောလို့ရပါတယ်။

သီးနှံစားပင်တွေဟာ အသီးဖြစ်မြောက်လာဖို့ဆိုရင် အပွင့်ကို အရင်ပွင့်ကြရပါတယ်။အဲဒီအပွင့် ပွင့်ချိန်ဟာ အပင်အတွက် အရမ်းအရေးအကြီးဆုံးအချိန်ဖြစ်၍ ကျွန်တော်တို့က ဂရုစိုက်ကြရပါမယ်။

အပင်အပွင့် ပွင့်ချိန်မှာ ရာသီဥတုမျှတဖို့ အလွန်အရေးပါ ပါတယ်။ရာသီဥတုမျှတဖို့ဆိုတာ လေတိုက်များခြင်း၊နေပူလွန်ကဲခြင်း၊အအေးဓာတ်လွန်ကဲခြင်း နှင့် မိုးများခြင်းများ ကို ကာကွယ်စောင့်ရှောက်တတ်ဖို့ အလွန်အရေးကြီးပါတယ်။

သီးနှံတွေ မအောင်မြင် မဖြစ်ထွန်းဘူးဆိုတာက ရာသီဥတုနဲ့လည်း အလွန်သက်ဆိုင်နေပါတယ်။

အပင်တွေရဲ့ အပွင့်မှာ ပန်းဝတ်မှုန်ဆိုတာရှိပါတယ်။အဲဒီ ဝတ်မှုန်ဟာ အဖို၊အမ နှစ်မျိုးရှိပါတယ်။

အချို့အပင်တွေဟာ လိင်စုံပန်းပွင့်(Bisexual flower)ဖြစ်သလို အချို့အပင်တွေဟာ လိင်မစုံပန်းပွင့်(Unisexual flower)ဆိုပြီး နှစ်မျိုး ပွင့်ကြပါတယ်။အဖိုပွင့်၊အမပွင့်ဆိုတာကို ပြောတာပါ။လိင်စုံတယ်(အမပွင့်)ဆိုတာက ပန်းပွင့်တစ်ပွင့်တည်းမှာမှ အသီးဖြစ်ဖို့အတွက် ဝတ်မှုန်အဖို(male gametes)နှင့် ဝတ်မှုန်အမ(female gametes)နှစ်ခုစလုံး တွဲလျှက်ပါရှိပါတယ်။ခရမ်းပွင့် တစ်ပွင့်ကို ကြည့်လိုက်ပါ.ပန်းပွင့်၏ အလယ်တည့်တည့်မှာရှိတဲ့ အူတိုင်လေးကို(stigma)လိုခေါ်တယ်။stigmaဆိုတာ ဝတ်မှုန်ခံတဲ့အတိုင်ကိုဆိုလိုတာပါ။အဲဒီ ဝတ်မှုန်ခံတိုင်ဆိုတာက အမျိုးသမီးတွေရဲ့ မိန်းမကိုယ်အင်္ဂါလိုပါပဲ..သူ့အထဲကို ဝတ်မှုန်ဖို ကူးစက်ပြီးမှ သန္ဓေတည်၍ အသီးအဖြစ်သို့ရောက်ရှိလာရပါတယ်။အဲဒီ ဝတ်မှုန်ခံတိုင်(stigma)ရဲ့ ဘေးပတ်ပတ်လည်မှာ ဝန်းရံနေတဲ့အဝါရောင် ပန်းဝတ်မှုန်အိတ်များဟာ ယောကျာင်္လေး အင်္ဂါလိုပါပဲ..သူ့ရဲ့ အဖိုဝတ်မှုန်တွေဟာ ဝတ်မှုန်ခံတိုင်ဆီကို အရောက်ပို့ပေးရပါတယ်။ဒါ့ကြောင့် လေတိုက်များလို့ဖြစ်ဖြစ်၊မိုးများလို့ဖြစ်ဖြစ်၊အအေးဓာတ်များလို့ဖြစ်ဖြစ် ပန်းပွင့်ထဲက အဖိုဝတ်မှုန်၊အမဝတ်မှုန်များပျက်စီးဆုံးရုှံးပြီး အသီးမတင်ဖြစ်ကြရပါတယ်။ 

အဖိုပွင့်(လိင်မစုံပန်း)Unisexual flower)ကျတော့ ဘူးပင်၊ဖရုံပင်တွေမှာကြည့်လိုက်...အမပွင့်ဆိုရင် အပွင့်ရဲ့အောက်မှာ မျိုးဥအိမ်(Ovary female)ဆိုတာ ပါလာပြီးသားပါ။အမပွင့်ဖြစ်ပေမဲ့ အသီးတွေဝါပြီး ပုပ်သွားတာမျိုးဟာ ဝတ်မှုန် သန္ဓေသားများ ပျက်စီးခြင်းကြောင့်ဖြစ်ပါတယ်။အမပွင့်တိုင်းအသီး ဖြစ်ထွန်းအောင်မြင်စေချင်ရင် အဖို့ပွင့်က ဝတ်မှုန်ကို အမပွင့်ရဲ့ ဝတ်မှုန်ခံတိုင်နဲ့ ထိ့တွေပွတ်တိုက်ပေးရပါတယ်။အဲဒါကို (Cross Pollination) လို့ခေါ်ဆိုပါတယ်။ဒီသဘောဟာ လူတွေလိုဆိုင်ရင် အဖိုနဲ့အမ လိင်ဆက်ဆံတဲ့ သဘောမျိုးဖြစ်ပါတယ်။အဖိုပွင့်က ဝတ်မှုန်ကို အမပွင့်ဆီကို ရောက်အောင် ကူးဆက်ပေးရတာပါ။ဒါမှ သန္ဓေအောင်မြင်ပြီး အသီးဖြစ်ထွန်းပါတယ်။အဖိုပွင့်ဟာလည်း အသုံးဝင်၊အသုံးတည့်ပါတယ်။

အသီးသီးတဲ့အပင်တွေဟာ လူလိုပဲဗျ..အမျိုးသား သုတ်ပိုးနဲ့အမျိုးသမီး သုတ်ပိုး ဒီနှစ်ခု ထိ့တွေမှုရှိပေးမှ အသီးဖြစ်လာကြရတာပါ။ဒါ့ကြောင့် အချို့စိုက်ပျိုးရေး သမားတွေဟာ အပင်ပွင့်ချိန်၊ဝတ်မှုတ်ကူးချိန်မှာ ရာသီဥတုဖောက်ပြန်မှာကို အရမ်းကြောက်ကြသလို ဖိုမ ဝတ်မှုန်တွေ ပျက်စီးမသွားအောင် ပန်းပွင့်ကို အိတ်ဖြင့်စွပ်ပေးထားကြပါတယ်။ 

လိင်စုံပန်းဟာ လီလီပန်း( Lily)နှင်းဆီပန်း( Rose)နေကြာပန်း( Sunflower)သျူးလစ် ခတ္တာပန်( Tulip)မုန်ညှင်း( Mustard)ခရမ်းသီးပင်( Brinjal)ဆဲလည်းပန်း(Hibiscus)ခရမ်းချဉ်( Tomato)သရက်( Mango)ငရုတ်ပင်( Chilli )ပဲတောင့်ရှည်( Long bean)နှဲပန်း( petunia) နှင့် စပယ်ပန်း( jasmine)အပင်တွေဖြစ်သလို ....လိင်မစုံပန်ဟာ သဘောင်္ပင်( Papaya)ဖရဲပင်( Watermelon)သခွားပင်(Cucumber)ပြောင်းဖူးပင်( Maize)ကြက်ဟင်းခါးပင်( bitter gourd)ဖရုံပင် (pumpkin muskmelon) ပဲလင်းမြွေပင်( snake gourd)နှင့် သပွတ်သီးပင်( luffa)များဖြစ်ကြပါတယ်။

ဝတ်မှုန်ကူးတဲ့နေရာမှာ သန့်ရှင်းစင်ကြယ်ဖို့လိုပါတယ်။များသောအားဖြင့်အသုံးပြုတာက နားကြပ်တဲ့ ဝါဂွမ်းလေးကို အသုံးပြုပြီး အဖိုဝတ်မှုန်ကို တို့ထိ့၍ ဝတ်မှုန်ခံ အလယ်အူတိုင်လေးရဲ့ ထိပ်ကို ပွတ်တိုက်ပေးရပါတယ်။အဲသလိုလုပ်ပြီးရင် လေမတိုးအောင်၊မိုးရေမစိုစွက်အောင် အေးခဲမသွားအောင် အိတ်ဖြင့်စွပ်ထားပေးလို့ရပါကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။

source - ဘဝခါးခါး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။