ယခုတလော လူမှုကွန်ယက်တွေပေါ်မှာ နာမည်ကြီးနေတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲတွင် မနောရဲ့ သီချင်းတွေကို ဝင်ပြိုင်ခွင့်မရှိဘူးဆိုတဲ့ ကောလဟာလတွေ ထွက်လို့ နေပါတယ်။ အဆိုပါသတင်းကို ပရိသတ်များစွာကလည်း စိတ်ဝင်စားလျက်ရှိနေကြပါတယ်။ ယခုလိုကောလဟာလတွေနဲ့ ပက်သက်ပြီး Myanmar Idol Page ကနေ ယခုလိုပဲ ပြန်လည်ရှင်းပြထားပါတယ်။ 

"သတင်းမှား/ အတုတွေ တက်လေ့တက်ထရှိတတ်တာ ဖွဘုတ်ကြီးပါ။ စည်းမရှိသူတစ်စုကြောင့် စိတ်မပျက်ကြပါနဲ့။ကျွန်တော်တို့တွေက သီချင်းအားလုံး အဆိုတော် အားလုံးကိုချစ်ပါတယ်။ ချင့်ချိန် ယုံကြည်ကြပါလို့မှာချင်တယ်နော်။

အဲဒီသတင်းကိုလည်း အန်ကယ်စကားနဲ့ပြောရ ရင် NO ပါကွယ်။" ဆိုပြီး ရေးသားထားပါတယ်။ 

Myanmar Idol Season (3) အတွက် အသံစစ်ဆေးမှုတွေကတော့ ပြုလုပ်နေပါပြီ။အခုဆိုရင် အသံစစ်ဆေးမှုက မန္တလေးကို ရောက်ရှိနေပြီလို့ သိရပါတယ်။ Myanmar idol Season 3 မှာတော့ နာမည်ကြီးအဆိုတော်များဖြစ်တဲ့ မြန်မာပြည်သိန်းတန် ၊ ရန်အောင် ၊ မျိုးကျော့မြိုင်နဲ့တင်ဇာမော်တို့မှ အကဲဖြတ် ဒိုင်လူကြီးများအဖြစ်ဆောင်ရွက်သွားမှာ ဖြစ်ပြီး စုစုပေါင်း ၂၅ ပွဲ ကျင်းပသွားမှာပါ။ Myanmar Idol Season 3 ကို ရန်ကုန် ၊ မန္တလေး ၊ တောင်ကြီး ၊ မကွေးနဲ့ပုသိမ်အပါအဝင် မြို့ပေါင်း ၂၀ မှာ ကျင်းပပြုလုပ်သွားမယ်လို့ဆိုပါတယ်။

Source : Myanmar Idol (Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။