ကမ္ဘာအနှံ့ကလူထုတွေကို ခြိမ်းခြောက်လျက်ရှိသော မှိုကြောင့်ဖြစ်တဲ့ ကင်ဆာရောဂါဆိုတာ လူမှာချည်းဖြစ်ပွားတာမဟုတ်ဘဲ တိရိစ္ဆာန်တွေမှာလည်းဖြစ်ပွားလျှက်ရှိပါတယ်။ ထိုင်းနိုင်ငံ ဟက်ရိုင်ခရိုင်တွင်းမှ ငချန် သားရိုင်းတိရစ္ဆာန် ဘေးမဲ့တောထဲမှ ကျားမလေးတစ်ကောင်ဟာလည်း ကင်ဆာရောဂါခံစားနေခဲ့ရပါတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်တွေ ပါဝင်တဲ့အဖွဲ့ဟာ ကင်ဆာရောဂါ ခံစားနေရတဲ့ ကျားမကြီးတကောင်ဆီက ၂ ကီလိုဂရမ် အလေးချိန်ရှိတဲ့ အကျိတ်ကြီးကို ခွဲထုတ်ကာ ကုသပေးနိုင်ခဲ့ကြပါတယ်။

ကျားမကြီးရဲ့ နာမည်ကိုတော့ အော်နွိုင်လို့ သိရပြီး ဟက်ရိုင်ခရိုင်တွင်းမှ ငချန် သားရိုင်းတိရစ္ဆာန် ဘေးမဲ့တောထဲမှဖြစ်ကာ အသက် ၂၀ အရွယ်ရှိနေပြီလို့ ဆိုပါတယ်။ကျားမကြီးမှာ အလေးချိန် ၂ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ဒီအကျိတ်ကြီးကြောင့် တခြား ကိုယ်တွင်းအင်္ဂါတွေကိုပါ ထိခိုက်ပျက်စီးမှုတွေ ရှိလာနိုင်တဲ့အတွက် ခုလို ကုသနိုင်ဖို့ ကြိုးစားခဲ့ကြရတာပါ။ဒီကုသမှုကိုတော့ သားရိုင်းတိရစ္ဆာန်နှင့် သစ်တောထိန်းသိမ်းရေးဌာန၊ အမျိုးသား သဘာဝဥယျာဉ်များဌာနနဲ့ ပရင့်စ်အော့ဖ်ဆောင်ခလာတက္ကသိုလ်မှ တိရစ္ဆာန်ဆေးကုသရေးအဖွဲ့က တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ 

သဘာဝဘေးမဲ့ဥယျာဉ် တာဝန်ရှိသူတွေဟာ ကျားမကြီးမှာ ရင်သားအကျိတ် ဖြစ်နေခဲ့တာကို လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက သတိထားမိခဲ့ကြတာလို့ ဒေသတွင်း သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ဒါရိုက်တာတဦးဖြစ်တဲ့ သနစ် နူရင်မ်က ပြောပါတယ်။ဆေးစစ်ဆေးချက်တွေအရ သူ့ရဲ့ကိုယ်တွင်းမှာ အဆုတ်အပါအဝင် တခြား ကိုယ်တွင်းအင်္ဂါတွေမှာပါ ကင်ဆာအမြစ်တွေ ပျံ့နှံ့နေခဲ့တာလို့ ဆိုပါတယ်။ခွဲစိတ်ပြီးတဲ့အချိန်မှာတော့ ကျားမကြီးရဲ့ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်နေပြီး အနီးကပ်စောင့်ကြပ်မှုတွေ ဆက်လက်လုပ်ဆောင်သွားရဦးမယ်လို့ ဆိုပါတယ်။

SOURCE- DVB TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။