နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်သူ အောန်ဆိုင်းတစ်ယောက် အင်ဒိုနီးရှားနိုင်ငံက ဘာလီ ကျွန်းကိုရောက်ရှိနေတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေကို Facebook ပေါ် တင်ထားတာပဲဖြစ်ပါတယ်။ ဒီလိုလှပတဲ့ရှုခင်းတွေနဲ့အတူ သူမရဲ့ အမိုက်စားပုံရိပ်တွေ တွဲ ဖက်လိုက်တဲ့အခါ အလန်းတကာ့အလန်းဆုံး ပုံရိပ်တွေပေါ်ပေါက်လာပါတော့တယ်။ ချစ် စရာ ကောင်းတဲ့တိုင်းရင်းသူလေး အောန်ဆိုင်းဟာ အနုပညာလောကထဲကို မော်ဒယ် အဖြစ် နဲ့ စတင်ဝင်ရောက်လာခဲ့ပြီး အခုချိန်ထိတော့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင် တာကို မတွေ့ရသေးပါဘူး။ သူမရဲ့ပရိတ်သတ်တွေကတော့ သူမကိုသရုပ်ဆောင်ပိုင်းမှာ လည်း မြင်တွေ့ချင်ပုံရပါတယ်။

စကားသံဝဲဝဲနဲ့ ချစ်စဖွယ်တိုင်းရင်းသူလေးဟာ ဝေလရဲ့ သီချင်း MTV မှာလည်း ပါဝင် သရုပ် ဆောင် ထားပြီး ပရိတ်သတ်တွေတခဲနက်အားပေးမှုကိုလည်း ရရှိခဲ့သူတစ်ဦးဖြစ်ပါ တယ်။ သူမကလက်ရှိမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ လူကြိုက်များတဲ့ ပိုလာဘာလီကျွန်းလေးမှာ အမိုက်စား Pose တွေပေးပြီး အပြတ်ကိုလန်းနေတာပဲဖြစ်ပါတယ်။ သူမက အမြဲလိုလို နိုင်ငံ ရပ်ခြားခရီးသွားပြီး အမိုက်စား Pose တွေကို တင်တတ်တဲ့ အလန်းစားမော်ဒယ်လေးပါပဲ။

သူမရဲ့ Facebook မှာ Bali ရောက်နေတယ် ခနနေကြရင် ဆိုပြီး ရေကူးတော့မယ့် emoji ပုံလေးတွေနဲ့ အပျော်ကြီးပျော်နေတဲ့ သူမရဲ့ပုံရိပ်တွေကို တွဲဖက်ပြီးတင်ထားတာဖြစ်ပါတယ်။ လွတ်လပ်ပျော်ရွှင်ပေါ့ပါးနေတဲ့ သူမရဲ့ချစ်စဖွယ် ပုံရိပ်လေးတွေက ပရိသတ်တွေရဲ့ အသည်းကို ပိုဆိုဆွဲဆောင်လိုက်သလိုပါပဲ။ ချစ်စရာကောင်းတဲ့ အောန် ဆိုင်းရဲ့ အင်ဒိုနီးရှား နိုင်ငံ ပိုလာဘာလီကျွန်းသို့ သွားရောက်လည်ပတ်နေတဲ့ ခရီးသွားပုံရိပ်တွေကို ပရိတ်သတ် ကြီးအတွက် တင်ဆက်ပေးလိုုက် ပြီနော်။

Source – Awn Seng’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။