အဆိုတော်ရဲလေးကတော့ ပရိသတ်အချစ်တွေကို ယခုအချိန်အထိ သိမ်းယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ အမြဲတမ်း မျက်နှာ ပြုံးပြုံးရွှင်ရွှင်နဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ရဲလေးကတော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင် တစ်ယောက်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။ 

ရဲလေးရဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ပက်သက်ပြီး "ကျွန်တော်စိတ်ချမ်းသာအောင်နေတယ်။ လူတွေအပေါ်ကိုလည်း ကောင်းကောင်းစိတ်ထားတယ်။ အဲ့တာဆိုရင် လူကနေ့စဉ်နဲ့အမျှ စိတ်ချမ်းသာတယ်။ ပျော်ရွှင်နေတယ်။ သတိထားပြီးကြည့်ကြည့်ပါ။ ကျွန်တော် ဘယ်နေရာ ၊ ဘယ်ဒေသပဲရောက်ရောက် ပျော်ပျော်ရွှင်ရွှင်ပဲနေတယ်။ ဘာလို့လဲဆိုရင် ကျွန်တော် မအိုစာချင်ဘူး။ မအိုချင်တဲ့အတွက် လူငယ်တွေလိုပဲ နေတယ်။ လူငယ်တွေနဲ့ပဲပေါင်းတယ်။ 

အဲ့တာကြောင့်မို့ စိတ်ချမ်းသာတယ်။ သူတစ်ပါးအပေါ်ကိုမနာလိုတာလည်း မရှိဘူး။ နုတယ်၊ ပျိုတယ်၊ အိုတယ် ဆိုတာကတော့ ပရိသတ်ကပဲ ဆုံးဖြတ်သွားမှာပါ။ အဓိကကတေ့ာ ကိုယ်ကိုကိုယ် ချောတယ် လို့ လိပ်လို ကိုယ့်ဘက်ကိုယ်လည်း မယက်ချင်ပါဘူး" လို့ ပြောထားပါတယ်။ ပရိသတ်အချစ်တော် ရဲလေးဟာ အနုပညာလှုပ်ရျားမှုတွေကို အဆက်မပြတ်လုပ်နေပြီး ဇန်နဝါရီလ၁၉ ရက်နဲ့ ၂၀ရက်တွေမှာ ကျင်းပခဲ့တဲ့ နှင်းဆီနယ်နိမိတ်အငြိမ့်တွင်လည်း ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ 

Source : Myanmar Celebrity ( Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။