ကင် ရဲ့ ရင်းနှီးတဲ့ အပေါင်းအသင်း ချိုး ယန်းဟေး ကို ယခင်က မြောက်ကိုရီးယားရဲ့ အုပ်စိုးသူ မိသားစုတွေကသာ ချုပ်ကိုင်ထားခဲ့တဲ့ သြဇာကြီးမားတဲ့ ရာထူးနေရာကို တိုးမြှင့်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ဒုတိယမာရှယ်တစ်ယောက် ဖြစ်တဲ့အပြင် ကိုရီးယား ပြည်သူ့တပ်မတော်ကို ကြီးကြပ်တဲ့ ဗျူရိုရဲ့ တာဝန်ခံလည်းဖြစ်တဲ့ ချိုး ယန်းဟေး ဟာ ကင် ရဲ့ အရင်းနှီးဆုံးတွေထဲက တစ်ယောက်ဖြစ်ပြီး မိသားစုဝင်နီးပါးတမျှ ရင်းနှီးတဲ့အပြင် ကင်ဂျုံအီး ရဲ့ အမိန့်အရ နိုင်ငံကို အုပ်ချုပ်ဖို့ ကင် ကို ကူညီပြုစု ပျိုးထောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

Daily Star Online ကတော့ ချိုး ကို မြောက်ကိုရီးယားရဲ့ အဖွဲ့အစည်းနဲ့ လမ်းညွှန်ဌာန (OGD) မှာ ထိပ်တန်းရာထူးကို တိုးမြှင့်ပေးလိုက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကျွမ်းကျင်သူတွေက ကိုရီးယား ဒီမိုကရတ် ပြည်သူ့သမ္မတနိုင်ငံမှာ သြဇာအကြီးဆုံးလို့ ပြောနေကြတဲ့ ရာထူးကို ရယူလိုက်တာကြောင့် ၆၈ နှစ်အရွယ် ချိုး ဟာ အစိုးရရဲ့ အာဏာကြိုးတွေကို ချုပ်ကိုင်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပင်မအဖွဲ့အစည်းကြီးကို ပြည်ပြေးတွေကတော့ ဆုံးဖြတ်ချက်တွေ၊ ပေါ်လစီတွေနဲ့ ပတ်သက်လာရင် လုပ်ပိုင်ခွင့်ရှိတဲ့ တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်တယ်လို့ ပြောကြားကြပါတယ်။

မြောက်ကိုရီးယားကို စောင့်ကြည့်တဲ့ ဘလော့တစ်ခုက ကျွမ်းကျင်သူ မိုက်ကယ် မာဒင်း ကတော့ OGD ဟာ DPRK မှာ အစိုးရတစ်ဖွဲ့လုံးကို ချုပ်ကိုင်ထားတဲ့ သြဇာအကြီးဆုံး နိုင်ငံရေးအဖွဲ့အစည်း ဖြစ်တယ်လို့ ပြောပါတယ်။

အခုဆိုရင် ချိုး ဟာ ကင် ရဲ့ အရင်းနှီးဆုံးလက်ထောက်တွေဖြစ်ကြတဲ့ ညီမ ကင်ယို ဂျံုး၊ ဖအေတူအမေကွဲ ညီမ ကင်ဆူးဆုန် တို့ အပေါ်မှာတောင် လွှမ်းမိုးနိုင်တဲ့ သြဇာကြီးမားတဲ့ အင်အားတစ်ရပ် ဖြစ်လာတော့မယ်လို့ မာဒင်း က Daily Star ကို ပြောကားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၅ နှစ်လုံးလုံးမှာ ဒါရိုက်တာက ကင်ဂျံုအီး လို့ အမည်ရတဲ့ လူဆိုတော့ OGD ဟာ သြဇာကြီးမားတာ ထင်ရှားပါတယ်။အဲဒီတော့ ချိုး ရဲ့ နေရာဟာ ဘယ်လောက်အရေးပါသလဲဆိုတာ သိနိုင်ပါတယ်” လို့ မစ္စတာမာဒင်း က ပြောကြားခဲ့ပါတယ်။

“ကင် မြင်းပေါ်က ပြုတ်ကျပြီး ဦးခေါင်းဒဏ်ရာရသွားခဲ့တဲ့ ၉၂ ကနေ ၉၃ ကြား ကာလကလွဲရင် ချိုး ယန်းဟေး ဟာ ကင် နဲ့ သွေးမတော်သားမစပ်ဘဲ OGD ဒါရိုက်တာတစ်ယောက် ဖြစ်လာခဲ့တဲ့ ပထမဆုံး အပြင်လူပဲ ဖြစ်ပါတယ်။ 

source - Opinion Leaders Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။