ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၁၁ နာရီအချိန် မွန်ပြည်နယ် ရေးမြို့နယ် ကော့လှိုင်ကျေးရွာ တွင်မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ကော့လှိုင်ကျေးရွာအကွက် ၈ အိမ်ရှင် ဦးရွှေကဲ နေအိမ်မှ မီးကြွင်းမီး ကျန်များကနေ တဆင့်စတင်လောင်ကျွမ်းခဲ့တာပဲဖြစ်ပါတယ်။အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးမှူး ဦးသန်းထိုက်က ပြောပါတယ်။

အဆိုပါ မီးလောင်ပြင်သို့ မီးသတ်ယာဉ် ၄ စီး၊ နယ်မြေခံတပ်ရင်းမှ ရေသယ်ယာဉ် ၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၄၀ ဦးက ဝိုင်းဝန်းငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။မနက် ၁၁ နာရီ ၅၀ မိနစ်အချိန်က လုံးဝငြိမ်းသတ် နိုင်ခဲ့တယ် လို့ မီးသတ်ဦးစီးမှူး ဦးသန်းထိုက်က ပြောပါတယ်။ မီးလောင်မှုမှာ နေအိမ် ၆ လုံး နဲ့ ကျပ်သိန်းပေါင်း ၅၀ ကျော်လောက် မီးလောင်ကျွမ်းဆုံးရှုံးခဲ့ရတယ်လို့ ၎င်းကပြောပါတယ်။ 

၎င်းမီးလောင်မှု ဖြစ်စဉ်ကြောင့် လူတိရစ္ဆာန်တစုံတခုမှ ထိခိုက်ဒဏ်သေဆုံးမှုတွေမရှိ ခဲ့ဘူးလို့ မီးသတ်ဦးစီး ဌာနထံမှ သိရပါတယ်။လက်ရှိမှာတော့ မီးလောင်မှုဖြစ်စဉ်နဲ့အတူ ဦးရွှေကဲအား ခေါဇာနယ်မြေရဲစခန်းမှ (ပ)၃/၂၀၁၈ အရ ပေါ့ဆမီးအရ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားလို့ သိရပါတယ်။  

သတင်းအရင်းအမြစ် – နေမျိုးထွဋ်(DVB)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။