အာဖဂန်နစ္စတန်ကဘူးမြို့တော်မှာရှိတဲ့အဆင့်မြင့်ဟိုတယ်တစ်

ခုဖြစ်တဲ့Intercontinentalဟိုတယ်ဟာစနေနေန့ညနေပိုင်း

ကအကြမ်းဖက်သမားတွေစီးနင်းတိုက်ခိုက်ခဲ့ပါတယ်။အဆိုပါဟိုတယ်ဟာအာဖဂန်နစ္စတန်ကို

လာတဲ့နိုင်ငံခြားသားတွေလာရောက်တည်းခိုလေ့ရှိတဲ့ဟိုတယ်တစ်ခုလည်းဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာတော့အာဖဂန်အထူးတပ်ဖွဲ့ဝင်တွေဟာ

အကြမ်းဖက်သမားတွေစီးနင်းသိမ်းပိုက်ထားတဲ့အဆိုပါဟိုတယ်ကိုဝင်ရောက်တိုက်ခိုက်ဖြိုခဲ့ခဲ့ပါတယ်။

အဆိုပါဝင်ရောက်တိုက်ခိုက်မှုမှာဓားစာခံအဖြစ်အကြမ်းဖက်

သမားတွေဖမ်းဆီးထားတဲ့အပြစ်မဲ့အရပ်သားတွေသေဆုံးတွေ

ရှိလာခဲ့ပါတယ်။KAMလေကြောင်းလိုင်းကလေယာဉ်မှူး

အပါအဝင်ဝန်ထမ်းဆယ်ဦးသေဆုံးသွားတယ်လို့သိရပြီးသေဆုံး

သူတွေထဲမှာဗင်နီဇွဲလားနိုင်ငံသားနှစ်ဦးနဲ့ယူကရိန်းနိုင်ငံသား

ခြောက်ဦးတို့ပါဝင်ကြတယ်လို့သိရပါတယ်။စုစုပေါင်းသေဆုံး

သူလူဦးရေဟာသုံးဆယ်ကျော်တယ်လို့သိရပြီးထိခိုက်ဒဏ်ရာရသူများပြားတယ်လို့သိရပါတယ်။ဟိုတယ်အတွင်းပိတ်မိနေတဲ့

ဓာစားခံတွေဟာအကြမ်းဖက်သမားတွေနဲ့အာဖဂန်အထူး

တပ်ဖွဲ့တွေတိုက်ခိုက်နေတဲ့အချိန်မှာအိပ်ရာခင်းတွေ၊ခန်းဆီးစ

ကိုအသုံးပြုပြီးဟိုတယ်ကနေလွတ်မြောက်အောင်ကြိုးစားခဲ့ရတယ်လို့သိရပါတယ်။

အခုလိုအကြမ်းဖက်တိုက်ခိုက်မှုဟာမိမိတို့်လက်ချက်ဖြစ်တယ်လို့တာလီဘန်အဖွဲ့ကမရှေးမနှောင်းမှာကြေညာခဲ့ပါတယ်။

အခုလိုဖြစ်ရပ်တွေမဖြစ်ပွားခင်မှာကဘူးကဟိုတယ်တွေကို

တိုက်ခိုက်နိုင်ချေရှိတယ်လို့အမေရိကန်သံရုံးကသတင်း

ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယို

ဂူတီရက်ကပြစ်တင်ရှုတ်ချခဲ့ပါတယ်။တာလီဘန်တွေဟာ

အဆိုပါဟိုတယ်ကိုပြီးခဲ့တဲ့2011ခုနှစ်ကလည်းတိုက်ခိုက်ခဲ့သေး

တယ်လို့သိရပါတယ်။

Source-RFA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။