ဝက်ခြံပေါက် ခြင်းက လူ အများစုအတွက် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ အားလုံးကလည်း ပေါက်လာတဲ့ ၀က်ခြံကို အမြန်ဆုံး ပျောက်ကင်းလိုတဲ့ ဆန္ဒရှိကြပါတယ်။ ဒါ့ကြောင့်လည်း နည်းလမ်းအမျိုးမျိုး သုံးပြီး ၀က်ခြံကို ကုစားကြပါတယ်။ တခါတရံမှာ ဒီလို ကုစားခြင်းက နည်းလမ်းမှားများ ဖြစ်နေပြီး ဘေးထွက်ဆိုးကျိုးများကိုလည်း ထပ်မံ ခံစားရတာမျိုးလည်း ရှိပါတယ်။ ဒါ့ကြောင့် ဘေးထွက်ဆိုးကျိုးများမှ ကင်းဝေးပြီး သဘာဝ အတိုင်း ကုစားနိုင်မယ့် နည်းလမ်းများနှင့် ရှောင်ရန်၊ ဆောင်ရန် အစားအသောက်များကို ဖော်ပြပေးလိုက်ပါတယ်။ အားလုံးအတွက် အသုံးဝင်တာမို့ ဖတ်ဖြစ်အောင် ဖတ်ကြည့်နော်။

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာများ

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာတွေ ကတော့ ပင်လယ်စာနဲ့ အိုင် အိုဒင်းပါတဲ့ ဆားတွေလို အိုင်အိုဒင်းဓာတ် များတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ တချို့သူတွေမှာ ချောကလက် စားရင် ဝက်ခြံထွက် တတ်ပါတယ်။ တစ်ချို့ လူတွေကြတော့ နွားနို့ထဲက အဆီကြောင့် ဝက်ခြံ ဖုဖြစ်စေနိုင်ပါတယ်။ မျက်နှာကို အဆီပြန်စေမယ့် အစား အသောက်တွေကို ရှောင်သင့်ပါတယ်။ အပူအစပ်တွေကို အလွန်အမင်း စားသုံးခြင်း ကိုလည်းကို ရှောင်သင့်ပါတယ်။

ဝက်ခြံမပေါက်အောင် စားသင့်သော အစားအစာများ

အခွံချွတ် မထားတဲ့ ကောက်နှံစာ၊ ဟင်းသီးဟင်းရွက်ပြုတ်၊ ဂျံု၊ ကမာ ၊ သစ်သီးနဲ့ ပဲအမျိုးမျိုးကို စားသင့်ပါတယ်။ မှီဝဲသင့်တဲ့ ဖြည့်စွက်ဆေးတွေ ကတော့ ဇင့် (သွပ်) ဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင်အေ၊ ဗီတာ မင် B6 နဲ့ ဗီတာမင်အီးတို့ ဖြစ်ပါတယ်။

တကယ်လို့ ဝက်ခြံဖြစ်လာပြီ ဆိုရင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

(၁) ရေခဲကပ်ပါ။

(၂) ပင်လယ်ရေ စိမ်ပါ။

(၃) အာလူး ကပ်ပါ။

(၄) သခွားသီကပ်ပါ။

(၅) ရှားစောင်းလက်ပပ် အနှစ်သားကို လိမ်းပါ။

(၆) တစ်နေ့ ၂ ကြိမ် လောက်ပဲ ဆပ်ပြာ အပျော့စားနဲ့ မျက်နှာကို ဆေးပါ။

(၇) သံလွင်ဆီ လိမ်းပါ။

(၈) တရားထိုင်ပါ။

ဖော်ပြပါ နည်းလမ်းများကို သိရှိပြီးနောက် ၀က်ခြံ ကင်းစင်သော အသားအရေများကို ပိုင်ဆိုင်ပြီး တစ်နေ့ထက် တစ်နေ့ လှသထက် လှနိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။