မော်ဒယ်တို့ရဲ့ ဖခင်ကြီးလို့ တင်စားခေါ်ကြတဲ့ ကိုဂျွန်လွင်ကတော့ အောင်မြင်တဲ့ အနုပညာရှင်တွေကို သင်ကြားပြသပေးတဲ့လက်ဦးဆရာတစ်ယောက်အဖြစ် အနုပညာနယ်ပယ်ထဲ နာမည်ကြီးလှပါတယ် ။ အောင်မြင်ထင်ရှားတဲ့ ပွဲတွေကိုလည်း တာဝန်ယူစီစဉ်ပေးခဲ့ပြီး သူ့ရဲ့ အေဂျင်စီက ထွက်တဲ့ အနုပညာရှင်တော်တော်များများဟာ အနုပညာလမ်းကြောင်းပေါ်နေရာတစ်ခုရောက်သွားတဲ့ထိ ပံ့ပိုးကူညီပေးနိုင်သူတစ်ဦးလည်းဖြစ်ပါတယ် ။ ဆရာဂျွန်လွင်တစ်ယောက် ဒူဘိုင်းကို အပျော်ခရီးထွက်ရင်း
 ကိစ္စတစ်ခုနဲ့ ကြုံတွေ့ရတဲ့ အကြောင်းကို သူကအောက်ပါအတိုင်းပြောပြသွားပါတယ် ။ 

" ဒူဘိုင်း နိုင်ငံ မှာ ကျွန်တော် သူငယ်ချင်းတွေ နဲ့ အပျော်ခရီးသွားရင် နဲ့ ကျွန်တော် ရဲ့ စိန်ဟန်းချိန်းလေး ကျပျောက်သွားခဲ့ပါတယ် ၊ ဒါပေမယ့် ကျွန်တော် ကို မိတ်ဆွေတစ်ယောက်က စိတ်မပူပါ နဲ့ လို့ပြောပြီး ၊ပစ္စည်းပျောက်သွားလို့ ့ ဆိုပြီး လုံခြုံရေးကို သွားအကြောင်းကြားတဲ့ အခါ ၊ကျွန်တော် ရဲ့ ဟန်းချိန်းလေးကို ဝန်ထမ်းတစ်ယောက်က ကောက်ရထားလို့လာပြန်အပ်ပါတယ်

ကျွန်တော်လဲ ကျေးဇူးဆပ်တဲ့ အနေနဲ့ သူ့ကို သူတိုြသေဝ(၅၀၀) ပေးတဲ့ အခါ သူ့ရဲ့ လက်တွေ တုန်ရီနေတာ မို့ ၊ကျွန်တော်က ဘာလို့လဲ လို့ မေးတဲ့ အခါ သူ့ ရဲ့ လစာက တစ်လ မှ သူတို့ငွေ(၈၀၀) ပဲ ရတယ်လေ ဆိုပြီး ဘေးက လုံခြုံရေး က ပြောပါတယ်

ကျွန်တော် ထူးထူးခြားခြား သိလိုက်တာက ၊သူတို့ နိုင်ငံ မှာ ပစ္စည်း ခိုးဝှက်ရင် လက်ကို ဖြတ်ပစ်တယ် ဆိုတာပါပဲ

သူတို့ နိုင်ငံသားတွေ အနေ နဲ့ ဥပဒေကို ကြောက်ကြတယ် ကိုယ့် နိုင်ငံမှာလဲ ဒီလို မျိူး တင်းတင်းကျပ်ကပေ် နဲ့ စည်းကမ်းရှိဘို့ ဥပဒေတွေ ချမှတ်လိုက်နာသင့်တယ် " လို့ သူကဆိုတာပါ ။

ပရိတ်သတ်ကြီးတို့ရော ဘယ်လိုမြင်လဲ ပြောသွားကြည့်ပါလား ... 

သတင်းအရင်းမြစ် John Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။