အကြောင်းကိစ္စတချို့ကြောင့် ပရိသတ်တွေနဲ့ ကာလအတန်ကြာအဆက်သွယ်ပြတ်နေပြီး အနုပညာလောကထဲ တစ်ကျော့ပြန်ဝင်ရောက်လာတဲ့သူကတော့ သရုပ်ဆောင် မင်းသား ရဲတိုက်ဖြစ်ပါတယ်။

လက်တလောမှာတော့ သရုပ်ဆောင် ရဲတိုက်တစ်ယောက် သတိလစ်မေ့မြောပြီး ဆေးရုံရောက်နေတဲ့သတင်းတွေထွက်ပေါ်နေတာကြောင့် ပရိသတ်တွေလည်း အတော်လေးစိတ်ပူနေကြပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့်ရပ်ကွက်နေ သရုပ်ဆောင် ရဲတိုက်(ခ)လင်းထွန်းဦးဟာ ယနေ့ ညနေ ၅ နာရီခန့်က သူရဲ့ နေအိမ်တွင်ပင် ဒိုင်ယာစီပင်ဆေးပြား ၄၀ခန့် သောက်သုံးမှုကြောင့် သတိမေ့နေသဖြင့် မွေးစားဖခင်ဖြစ်သူ ဦးမျိုးဇော်မှ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံကြီးသို့ လာရောက်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ တာဝန်ရှိသူများက ဆေးဝါးစစ်ဆေးကုသမှုများဆောင်ရွက်ပြီးနောက် ဆေးကုသမှုခံယူနေဆဲဖြစ်တယ်လို့ Popular သတင်းဌာနက ဖော်ပြထားပါတယ်။

ဒိုင်ယာစီပင်ဆေးဟာ များသောအားဖြင့် စိတ်ငြိမ်ဆေး ၊အိပ်ဆေးအနေနဲ့ အသုံးပြုနိုင်တဲ့ဆေးအမျိုးစားဖြစ်ပြီး စိတ်ကျရောဂါဝေဒနာခံစားနေရသူတွေ ၊ စိတ်ဖိစီးများသူတွေ မှီဝဲဖို့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်နဲ့ သောက်သုံးရတဲ့ဆေးဖြစ်ပါတယ်။

ဒိုင်ယာစီပင်ဟာ ကျန်းမာရေးအရ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ရမယ့်ဆေးဖြစ်ပေမယ့် တန်ဆေးလွန်ဘေး သောက်သုံးမိရင်တော့ ဘယ်ဆေးမဆို အသက်အန္တရာယ်စိုးရိမ်ရနိုင်ပါတယ်။

ရဲတိုက် တစ်ယောက် အခုလို အိပ်ဆေးတွေအများကြီးသောက်ရတဲ့အကြောင်းရင်းနဲ့ သူ့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေနောက်ဆက်တွဲသတင်းကို သတင်းဌာနတွေက စောင့်ကြည့်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ရဲတိုက်ဟာ မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းထောင်ကနေ (၂၀၁၇)ခုနှစ် နှောင်းပိုင်းမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာတွေအရင်လို ပြန်လည်လက်ခံရိုက်ကူးနေတာဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ အနုပညာအသိုင်းဝိုင်းလည်း ရဲတိုက််အမြန်ဆုံးသတိပြန်လည်လာဖို့ ဆုတောင်းပေးနေကြပါတယ်။  

Source : Popular 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။