လူငယ် သရုပ်ဆောင်နဲ့အဆိုတော် Russell ကဆိုရင် အိပ်မက်ဆုံရာ အစီအစဉ်မှာ စတင်ပြိုင်ပွဲဝင်စဉ်ကတည်းက အားပေးသူအမြောက်အများရရှိခဲ့ပြီး နောက်ပိုင်း သရုပ်ဆောင်အလုပ်တွေကို လုပ်ကိုင်တော့လည်း ပရိတ်သတ်တွေက ပိုမိုအားပေးလာခဲ့ကြပါတယ် ။ အနုပညာနယ်ပယ်ထဲမှာလှုပ်ရှားရင်း မိဘတွေကို လုပ်ကျွေးပြုစုနေတဲ့

သူ့အပေါ် အခြား ၀ါရင့်အနုပညာရှင်တစ်ယောက်က အထင်လွဲနေတဲ့ ကိစ္စလေးတစ်ခုကို Public ဖွင့်ချပြလိုက်ပါတယ် ။

" မနေနိုင်လို့ Share ပါဦးမယ်.... True Story ဆိုတော့....

လွန်ခဲ့တဲ့ Monday Jan ၁၅ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာ ကျနော့်ဆီ ဖုန်းနံပါတ် အစိမ်းနဲ့ Missed call ၃ ခုဝင်လာပါတယ်... ကျနော် အိပ်ရာနိုးတာက ၂ နာရီ ၄၅ မိနစ်လောက်ဆိုတော့ ရုံးနောက်ကျမှာဆိုးလို့ လောလောနဲ့ ပြင်ဆင်ရင်း ၃ နာရီ ၂၀ ဝန်းကျင်လောက် taxi ပေါ်ရောက်မှဖုန်းဆက်ဖြစ်ပါတယ်....

ဖုန်းဆက်တော့ တစ်ဖက်ကလူက မေးပါတယ်... " မင်းက Russell လား ? ငါက *** ပါ ( သူက အနုပညာလောကထဲက နာမည်ကြီး Senior အနုပညာရှင်မို့လို့ လေးစားသမှုနဲ့ ကျနော် သူ့နာမည်ထိန်ချန်ခွင့်ပြုပါ )...

" ဟုတ်ပါတယ်ခင်မျ " ကျနော်ကပြန်ဖြေတော့ သူကဆက်မေးပါတယ် " မင်းက သီချင်းလည်းဆိုတယ်ဆို ??? ငါမေးချင်တာက မင်းဘာကြောင့် Fb မှာငါ့မိန်းမ Profile ပုံကို ယူသုံးထားတာလဲ ? ကဲ အဲ့ဒီကိစ္စပြောဦး ? " ဆိုတော့ ကျနော်လည်း ကြောင်သွားပါတယ်... 

အဲ့တာနဲ့ " အန်ကယ် အဲ့ ကိစ္စကျနော်မသိဘူး.... ကျနော့် Fb acc ဆိုတာသေချာလားခင်မျ.... နာမည်မှားနေတယ်ထင်တယ်ခင်မျ.... " လို့ပြန်မေးတော့ " လုံးဝမမှားဘူး.... Screenshot ရိုက်ထားတယ်.... ငါမှာသက်သေရှိတယ်.... မင်းအခုဘယ်မှာလဲ ???? ငါလာတွေ့မယ်.... One one ထိုးမယ် မင်းနဲ့ငါ ! " ဆိုတော့ ကျနော်ရော ဘေးက taxiဆရာ ပါကြောင်သွားပြီး ဘာဆက်ပြောရမှန်းမသိတာနဲ့ .....

" အန်ကယ့်ကို ကျနော်တကယ်လေးစားပါတယ်.... ကျနော်ငယ်ငယ်ထဲက အန်ကယ့်သီချင်းတွေနဲ့ပဲ ကြီးလာတာပါ.... အန်ကယ့် ပရိတ်သတ်ပါ.... အန်ကယ်ဖြစ်နိုင်ရင် အန်ကယ်ဒီနေ့ဖြစ်ခဲ့တာ အကုန်ကို သေချာရှင်းပြလို့ရနိုင်မလား.... အေးအေးဆေးဆေး ဖြေရှင်းရအောင်နော် ..... Uncle .... ဘာဖြစ်သွားတယ်ဆိုတာ ကျနော်သေချာသိချင်လို့ပါခင်မျ .... ( ကျနော်သူ့ကို လေသံမာမာနဲ့တောင် စကားမပြောခဲ့ပါဘူး.... သူ့ဘက်က ဘာဖြစ်မှန်းမသိပေမယ့် ကိုယ့်ဘက်ကလည်း အမှားမပါအောင် စကားကိုသေချာထိန်းထားနိုင်ခဲ့ပါတယ် )....

အဲ့တာနဲ့သူက နေ့လည်ကသူ messenger သုံးတော့ ကျနော့် Fb account မှာ ကျနော့်ပုံအစား " သူ့အမျိုးသမီးနဲ့ သူငယ်ချင်း သူဌေးမကြီး " နဲ့ ရိုက်ထားတဲ့ပုံ ကိုသူတွေ့တယ်.... အဲ့တာနဲ့ Screenshot ရိုက်ထားလိုက်ပြီး နောက်တစ်ခေါက် ပြန်ကြည့်တော့ သူ့မိန်းမပုံကနေ ကျနော့် Profile ပုံပြောင်းသွားတယ်တဲ့.... သူကြည့်နေရင်းပေါ့ .... အဲ့တော့ သူကြည့်နေရင်းနဲ့ ဘာလို Profile pic ကိုပြောင်းလိုက်ရတာလဲပေါ့ .... ဝင်ကြည့်တော့လည်း သူ့မိန်းမပုံ မတွေရဘူးပေါ့ ....

အဲ့တာနဲ့ကျနော်က " အန်ကယ် အဲ့တာဆိုရင်တော့ Messenger ကြောင်တာပဲဖြစ်မယ် .... တစ်ခါတစ်လေ ကျနော်တို့ရဲ့ Messenger hang သွားရင်ဖြစ်တတ်တယ်.... Profile ပုံတွေ လွဲပေါ်တတ်တယ်... ဒါမှမဟုတ် ကျနော့် Acc hack ခံရတာလားတော့ မသိဘူးခင်မျ.... အခုထိတော့ ဘာမှမဖြစ်ဘူး သုံးလို့ရနေတယ်ခင်မျ " ပေါ့ .... အမှန်အတိုင်းပြောရရင် အန်ကယ့်အမျိုးသမီးကို မြင်လည်းမမြင်ဖူးဘူး.... သူ့မိန်းမသူဌေးမကြီးဆိုပိုဆိုး....

ပြီးတော့ကျနော်က အေးဆေးပဲပြောလိုက်ပါတယ်.... " အန်ကယ့်ကို ကျနော်တစ်နေရာမှာ အေးဆေးလာတွေ့ချင်ပါတယ်.... အခုအထင်လွဲနေတဲ့ကိစ္စက ဖြေရှင်းလိုက်ရင် ဘာမှမခက်တဲ့ ကိစ္စပါ.... အန်ကယ့်ပရိတ်သတ် တစ်ယောက်လည်းဖြစ်.... ကျနော်လည်း တစ်ချိန်မဟုတ် တစ်ချိန်မှာ အန်ကယ်နဲ့ ပွဲတွေဆုံရမယ်ဆိုရင် လိပ်ပြာလုံချင်ပါတယ်.... ကျနော်တို့ တစ်ရက်လောက်တွေ့ပါရစေ " လို့ပြောတော့ သူကတွေ့ရင်ထိုးမယ်ဆိုတာနဲ့ ပဲ ဆက်ပြောလို့အဆင်မပြေတော့ပါဘူး....

ကျနော့်ကိုသူဆက်ပြောတာက " ဟိုတစ်လောက မင်းအမေငွေအလိမ်ခံရတဲ့ကိစ္စ ငါဖတ်ရတယ်.... မင်းက Online ကနေငွေတွေအလိမ်ခံရလို့ ပိုက်ဆံတွေပြန်ရအောင် Fb ကနေဖန်တာလား ??? " လို့သူပြောတဲ့အချိန်မှာ ကျနော့်မှ ငိုချင်စိတ်ကိုမနည်းထိန်းခဲ့ရပါတယ်....

အခုဟာက ကိုယ့်ဘက်က မဟုတ်တာမလုပ်ထားလို့ ရှင်းပြနေတာကို အန်ိုင်ကျင့်သလို စော်ကားလာပါတယ်.... ကျနော့်မှာ င်ိုသံမပါအောင် ထိန်းပြီး " အန်ကယ့်ကိုကျနော် ပြောမယ်.... ကျနော်မိကောင်းဖခင်သားသမီး .... ကျနော်ဘယ်တုန်းကမှ သူများအပေါ်မကောင်းမကြံခဲ့ဘူး .... ငွေအလိမ်ခံရတာလည်း ကျနော်တို့က ခံရတာပါ .... ကျနော်တို့ သားအမိကလူလိမ်မဟုတ်ပါဘူး.... ကျနော်လကုန်တိုင်းလည်း တစ်လတစ်ခါ အဖေ့ကို အနုပညာပိုက်ဆံ သန့်သန့်နဲ့ လုပ်ကြွေးနေတာပါ.... ကျနော့်အနောက်မှာ ကျနော့်ကိုမှီပြီးရပ်တည်နေတဲ့ မိသားစုတွေ ပရဟိတလုပ်ငန်းတွေရှိတယ်.... ဒါကြောင့် ကျနော့် ဘဝထိခိုက်မယ့် ကိစ္စကို ကျနော်ဘာအတွက်မှမလဲပါဘူးခင်မျ.... " အဲ့တာနဲ့ပဲ ဆက်မပြောနိုင်လို့ချလိုက်ရပါတယ်....

သူပြောတဲ့ Screenshot ကိုတောင်းကြည့်တော့လည်း ဒီအတိုင်းမပေးနိုင်ဘူး.... ကျနော့်ကိုသူထိုးပြီးမှ ပေးမ

ယ်လို့ပြောပါတယ်....

ဥပမာ သူ့အမျိုးသမီးပုံ သုံးမယ်ဆိုရင်တောင် follower 87000 ကျော်ရှိတဲ့ Public Official Acc ကြီးမှာ Russell Bright ဆိုတဲ့နာမည်ကြီးနဲ့ သုံးမလားခင်မျာ....

အခုပြောချင်တာက သူ့ Messenger Hang လို့ဖြစ်သွားတဲ့ ကိစ္စနဲ့ လူတစ်ယောက်ကို မစုံစမ်းပဲ စိတ်သောကဖြစ်စေခဲ့တဲ့အတွက် မတင်ချင်ပေမယ့်လည်း အန်ကယ်သိအောင် တင်လိုက်ရပါတယ်.... အန်ကယ့်ကိုလည်း မမုန်းပါဘူး.... နားလည်စေချင်တာပါ.... တစ်ခုခုဆိုလည်း ဖုန်းနဲ့ Record တွေရှိပါတယ်.... ကျနော်လိုချင်တာက အမြင်ရှင်းသွားရင် ကျေနပ်ပါပြီ.... အန်ကယ့်သီချင်းတွေလည်း ဆက်နားထောင်သွားမှာပါ.....

အန်ကယ့်ပရိတ်သတ်,

Russell " လို့ သူ့ကို အထင်လွဲတဲ့ အန်ကယ် သိစေဖို့ စာတစ်စောင်ရေးသားဖော်ပြခဲ့ပါတယ် ။

ပရိတ်သတ်တွေကတော့ Russell ပြောတဲ့ အန်ကယ်ကြီးက ဘယ်သူလဲ ဆိုတာ အရမ်းသိချင်နေကြတာပါပဲ ... ပရိတ်သတ်တို့ရော ဘယ်သူလို့ထင်လဲ ... 

သတင်းအရင်းမြစ် Russell

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။