ကိုယ်ခန္တာလှပခြင်းနဲ့ ကျန်းမာတဲ့ ခန္တာကိုယ်ရှိခြင်းက မတူညီပါဘူး ။ ပြုပြင်ယူစရာမလိုဘဲ လှပတဲ့ ခန္တာကိုယ်ကို ပိုင်ဆိုင်ထားတဲ့သူတွေရှိနိုင်ပေမယ့် ကျန်းမာတဲ့ ခန္တာကိုယ်ဖြစ်ဖို့က ကိုယ်တိုင် ကြိုးစားမှဖြစ်နိုင်တာပါ ။ M ဆိုင်းလု ကတော့ ရှိသင့်တဲ့ ကြွက်သားတွေနဲ့ပဲ ဖွဲ့စည်းတဲ့ အဆီပိုတစ်စက်မှ မရှိဘဲ ကျန်းမာတဲ့ ခန္တာကိုယ်ဖြစ်အောင် ကြိုးစားပြီး လေ့ကျင့်ထားတဲ့ မော်ဒယ်တွေထဲက တစ်ယောက်အပါအဝင်ပါ ။ 

သူ့ရဲ့ ခန္တာကိုယ်အချိုးအစားကတော့ Gym ဆော့တဲ့ မိန်းကလေးတိုင်း လိုချင်တဲ့ အိပ်မက်လို့တောင် ဆိုနိုင်ပါတယ် ။ ခုလည်း သူမက သူမရဲ့ လှပတဲ့ အချိုးအစားကို ပေါ်လွင်စေတဲ့ ပုံရိပ်လေးတွေကို ထုတ်ဖော်ပြသလိုက်တာမို့ ပရိတ်သတ်တွေကတော့ အလွန်သဘောကျနေကြတော့တာပါပဲ ။ ပုံမှန် ညှို ့အားပြင်းပုံရိပ်တွေဆိုတာ ပုရိသတို့ အကြိုက်ဖြစ်ပေမယ့် ခု M ဆိုင်းလု ရဲ့ ပုံလေးတွေကို သဘောကျသူတွေထဲ အများစုက မိန်းကလေးတွေဖြစ်နေတာလည်း ထူးခြားမှုတစ်ခုပါပဲ ။ 

ခုလတ်တလောမှာ လူကြိုက်များနေတဲ့ အဲဒီပုံလေးတွေကို Photographer ကိုအောင်ကျော်ထွန်း ( Visual Design ) က Portrait ပုံလေးတွေ အဖြစ် ဖန်တီးပုံဖော်ထားတာဖြစ်ပြီး စတိုင်လစ် ယိုကိုစံနဲ့ Make Up Artist Nang Si Phaung တို့က ပါ၀င်အားဖြည့်ပေးထားတယ်လို့ သိရှိရပါတယ် ။ M ဆိုင်းလု ကတော့ သူမဝါသနာပါရာ မော်ဒယ်တစ်ယောက်အဖြစ်သာ အနုပညာအလုပ်တွေကို ဇောက်ချလုပ်ကိုင်လို့နေတာမို့ Professional ကျတဲ့ မော်ဒယ် တစ်ယောက်ရဲ့ Confidence တွေကို သူမဆီမှာ တွေ့မြင်ရမှာပါ ။ သူမကို အားပေးတဲ့ ပရိတ်သတ်တွေရှိရင်ပြောသွားခဲ့လေနော် ... 

သတင်းအရင်းမြစ် Aung Kyaw Tun ( Visual Design )

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။