ချီချီလို့ ချစ်စနိုးခေါ်ကြတဲ့နေခြည်ဦးကတော့ မြန်မာနိုင်ငံက မိန်းကလေးထုရဲ့ အချစ်တော်လေးတစ်ဦးဆိုလဲ မမှားပါဘူး ။ Beauty Blogger တစ်ယောက်ဖြစ်တဲ့ သူမကို အားပေးတဲ့ ပရိတ်သတ်တွေက သူမရဲ့ ဖော်ရွေမှုကို သဘောကျကြသလို Confidence ရှိမှုကလည်း သူမရဲ့ ဆွဲဆောင်မှုတစ်ခုလည်းဖြစ်ပါတယ် ။ ခုနောက်ပိုင်းမှာ သူမ

ပွဲတွေ တတ်ရောက်တဲ့အခါ အနားမှာပါလာတဲ့ အမျိုးသားနှစ်ဦးကို သတိထားမိတဲ့သူတွေရှိလာကြပါတယ် ။ အဲဒါနဲ့ပါတ်သတ်ပြီး နေခြည်ဦးက 7days news ရဲ့ အင်တာဗျူးတစ်ရပ်မှာ သူတို့ကဘယ်သူလဲဆိုတာကို ပြောပြသွားခဲ့ပါတယ် ။ 

‘‘ဒါနေခြည့် သူငယ်ချင်းအစ် ကိုတွေပါ။ ကာကွယ်စောင့်ရှောက် တာလည်းမဟုတ်ပါဘူး။ အဓိကလူအရမ်းများလာရင် အဝင်အထွက်လုပ်ရတာ အရမ်းခက်တယ်။ ဒါပေမဲ့ ဒီပွဲလေးကျကတော့ အရမ်း Private ဆန်တယ်။ အဲဒါကြောင့် ဒီအစ်ကိုတွေက ဘေးနားကရပ်နေ ရုံပါပဲ။ ဘာလို့လဲဆိုတော့ အရှေ့ ကပွဲတွေမှာ နေခြည်တို့ အခက်အ ခဲတွေ့ခဲ့တာတွေ အများကြီးရှိ တယ်။ စင်ပေါ်တက်ဖို့ ဘယ်လိုမှ မတိုးနိုင်တာလည်းပါတယ်။ ကိုယ့်မန်နေဂျာကလည်း ညီမလေးဖြစ်နေတော့ တစ်ခုခုဆို ဘာမှလုပ်လို့မရဘူး။ အထူးသဖြင့် နေခြည့် Fan Meeting ကရဝိက်ပွဲတုန်းကဆို ဒီအစ်ကိုတွေပဲ နေခြည့်ကို ကူညီ ပေးခဲ့တာပါ။ အဓိက ပရိသတ်အ ရမ်းများတဲ့အတွက်ကြောင့် စင် ပေါ်မတက်နိုင်တဲ့ အခါမျိုးတွေမှာ အချိန်တွေကုန်တဲ့အတွက်ကြောင့် ကိုယ်တကယ်လုပ်ရမယ့် ကိစ္စတွေ မလုပ်နိုင်တော့ဘူး’’ လို ့သူမကပြောပြခဲ့တာပါ ။ 

ဒီလိုအနားမှာ ကူညီပေးသူတွေက နိုင်ငံတကာက ကျော်ကြားသူတွေနားမှာလည်း အမြဲရှိတတ်ကြပါတယ် ။ နေခြည်ဦးကတော့ Maybelline ရဲ့ ဖိတ်ကြားချက်အရ ကမ္ဘာ ကျော်မော်ဒယ် Gigi Hadid နဲ့ တွေ့ဆုံသွားဖို့ရှိပြီး ဒါရိုက်တာ မီးပွားရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုမှာလည်း ပါ၀င်သရုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရှိရပါတယ် ။ 

သတင်းအရင်းမြစ် 7days

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။