လူကြမ်းသရုပ်ဆောင် ဦးနိုင်လူရဲ့ သမီးအငယ်ဆုံးလေး ခေတ်ဆည်းဆာကတော့ ပရိတ်သတ်အချစ်တော်ကလေးလေးတစ်ယောက်ပါ ။

သမီးလေးကို ချစ်လို့ ၀ုိင်းဂရုစိုက်ကြတဲ့ သူတွေအများကြီးပါပဲ ။ သမီးလေးက ထူးခြားချက်တွေနဲ့ မွေးဖွားလာတဲ့ ကလေးလေးတစ်ယောက်ဖြစ်တဲ့အကြောင်း ဖခင်ဖြစ်တဲ့ ဦးနိုင်လူက Popular Journal ရဲ့ အင်တာဗျူးမှာအောက်ပါအတိုင်းပြောပြထားပါတယ် ။ 

" ဒီကလေးလေးက တကယ်ထူးခြားတယ် ။ အမျိုးသမီးက အသက် ၄၀ ကျော်ပြီ ။ သူက သမီးလေး လိုချင်တယ် ။ အမျိုးသမီးက Cosmetic လုပ်ငန်းလုပ်တော့ နေရာစုံသွားရတယ် ။ စစ်တွေမှာ ယောမယ်တော်ဆိုတာ နာမည်ကြီးတယ် ။ အဲဒီမှာ သွားဆုတောင်းတာနဲ့ သမီးလေး ရလာတယ်လို့တော့ ထင်တာပေါ့ ။ နောက်ဦးနိုင်လူကို အိပ်မက်ပေးတယ် ။ ဒါပေမယ့် သေချာတာက သူကိုးတန်း ဆယ်တန်းလောက်အရွယ်ရောက်ရင် ဦးနိုင်လူ ကျန်းမာရေးမကောင်းဘူးဆိုတာ ကိုယ့်ကိုယ်ကို ကြိုသိတယ် ။ အိပ်မက်ထဲမှာလည်း ကျောင်းဝတ်စုံနဲ့ ကလေးမလေးက ဦးနိုင်လူကို အိမ်သာမသွားနိုင်လို့ တွဲပို့တာ " ဖေဖေ ဖြည်းဖြည်းထိုင်တဲ့ " သမီးက ဘယ်သူလဲ လို့ ဦးနိုင်လူမေးတော့ သမီးကဖေ့ဖေ့ သမီးလေ တဲ့ ။ အဲဒါနဲ့ ဦးနို်င်လူက " သမီးက အဖေ့သမီးလား " ဆိုတော့ " ဟုတ်တယ် " တဲ့ ။ အဲဒီလို အိပ်မက်မက်ပြီးမကြာဘူး အမျိုးသမီးက ကိုယ်ဝန်ရှိတယ်ဆိုတာ သိရတယ် ။ 

ပြီးတော့ ကလေးလေးက ရှစ်လနဲ့ မွေးတာ ဆေးပညာအရကြည့်ရင် ရှစ်လနဲ့ မွေးရင် အသက်ရှင်ခဲတယ် ။ နောက်ပြီး သူက အနှစ် ရ၀ လောက်မှတစ်ကြိမ်ဖြစ်တဲ့ စူပါမွန်းနေ့မှာ မွေးတာ ။ ပြီးတော့ ဒီကလေးလေးက အကျီင်္ အဝတ်အစားတွေက ၀ယ်ပေးရတယ်မရှိဘူး ။ သူ့ကိုရာသက်ပန် တာဝန်ယူပြီး အမေရိကမှာကျောင်းထားပေးဖို့ ဆက်သွယ်တာတွေလဲရှိတယ် ။ သူ့ကို ကျောက်စိမ်းပို့ပေးတာတွေ မူဆယ်ဘက်က ဆိုင်ကယ်ပို့ပေးတာတွေ အွန်လိုင်းပေါ်က တွန်းလှည်းဝယ်ပေးတာတွေ ရှိတယ် ။ နားဖောက်ရင် စိန်နားကပ်ပို့ပေးမယ့်သူတွေရှိတယ် ။ သူ့ရဲ့ ကံ ၊ သူ့ရဲ့ စန်းပေါ့နော် ။ ဒီသမီးလေးကြောင့် ဦးနိုင်လူက ပိုနာမည်ကြီးလာတာပေါ့ ။ " ဆိုပြီး ပြောပြခဲ့တာပါ ။

လူကြမ်းကမွေးတဲ့ကလေးလေးကို ဂရုစိုက်မဲ့သူမရှိဘူးဆိုတဲ့ Facebook ကပို့စ်တစ်ခုကနေ ချစ်ဖို့ကောင်းမှန်း လူတွေသတိထားမိသွားကြတဲ့ ထူးခြားမှုတွေနဲ့ မွေးဖွားသူ သမီးလေး ခေတ်ဆည်းဆာကတော့ ခုချိန်မှာ ပရိတ်သတ်တွေ အသည်းကျော်လေးဖြစ်လို့နေပြီပဲဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ် Popular Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။