မစ်ခီတာရန် ဟာ အာဆင်နယ်အသင်းကို တရားဝင်ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ မန်ယူအသင်းရဲ့ ကစားသမား မစ်ခီတာရန်ကို ဆန်းချက်နဲ့ အလဲအလှယ်လုပ်ပြီး ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ မစ်ခီတာရန်ကို ၂၀၁၆ ခုနှစ်မှာ မန်ယူအသင်းက ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်နေရာအတွက် ပြိုင်ဆိုင်နေရတာကြောင့် ခြေစွမ်းပြခွင့်မရရှိခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကတော့ မစ်ခီတာရန်ကို ခေါ်ယူနိုင်ခဲ့တဲ့ အတွက် ကျေနပ်နေတာလည်းဖြစ်ပါတယ်။ဒါ့အပြင်အာစင်ဝင်းဂါးက မစ်ခီတာရန်ကို ကမ္ဘာ့အဆင့်မီကစားသမားတစ်ဦးဖြစ်တယ်လို့ ညွန်းဆိုခဲ့တာလည်းဖြစ်ပါတယ်။မစ်ခီတာရန်ဟာ အိုဇေလ်းနဲ့ အတူတွဲဖက်ပြီး အသင်းကို အကောင်းဆုံး အကူအညီပေးသွားနိုင်မှာပါ။ဒါဟာကောင်းမွန်တဲ့ အပြောင်းအရွှေ့တစ်ခုပါလို့ အာစင်ဝင်းဂါးကဆက်လက်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ 

မစ်ခီတာရန်ကလည်း " အာဆင်နယ်အသင်းမှာ ကစားခွင့်ရရှိဖို့ အိမ်မက်ဟာ တကယ်ဖြစ်လာခဲ့ပါပြီ။အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခွင့်ရရှိခဲ့လို့ အရမ်းပဲပျော်ရွင်မိပါတယ်။ကလပ်နဲ့ အတူအောင်မြင်မှုတွေရရှိအောင် အကောင်းဆုံးကြိုးစားသွားမယ်"လို့ ပြောသွားခဲ့တာလည်းဖြစ်ပါတယ်။

source - mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။