မြန်မာ့ဟာသလောက ရဲ့ ဥက္ကဠတစ်ဦးဖြစ်တဲ့ ဟာသလူရွှင်တော် ဒိန်းဒေါင်ကို ပရိသတ်များ ချစ်ကြမယ်ထင်ပါတယ်။ ကျန်းမာရေးအခြေနေမကောင်းသဖြင့် မြောက်ဥက္ကလာပ OSC ဆေးရုံမှာ တက်ရောက်ကုသနေသော ဟာသသရုပ်ဆောင် ဒိန်းဒေါင်ရဲ့ကျန်းမာရေးကို ကုသနေကြောင်းသိရပါတယ်။ ယခုဆေးရုံ ကုသနေတဲ့ ဒိန်းဒေါင်ဆီသို့ အနုပညာမောင်နှမများစွာသွားရောက် မေးမြန်းကြကြောင်းသိရပါတယ်။ အဆိုပါသွားရောက်ကြည့်ရူတဲ့ အနုပညာရှင်များထဲမှာ အရင်းနှီးဆုံးဖြစ်တဲ့ တက္ကသိုလ်ဂွမ်းပုံနှင့် သူမရဲ့ အဖွဲ့ တို့ကလည်းသွားရောက်မေးမြန်းခဲ့ကြကြောင်း သိရပါတယ်။ 

လက်ရှိမြောက်ဥက္ကလာပ OSCျဆးရုံတွင် ကုသနေတဲ့ ဟာသသရုပ်ဆောင် ဒိန်းဒေါင်ကတော့ ကျန်းမာရေးအခြေနေပြန်လည်ကောင်းမွန်နေပြီ ဖြစ်ကြောင် သိရပါတယ်။ အနုပညာမောင်နှမအချင်းချင်း စည်းစည်းလုံးလုံး နဲ့ တစ်ယောက်ကို တစ်ယောက် အားပေးနှစ်သိမ့်တာ မြင်ရတာ စိတ်ကြည်နူးစရာ မြင်ကွင်းတစ်ခုပါပဲ။ လက်ရှိ ဒိန်းဒေါင်ဟာ ကျန်းမာရေးအခြေအနေပြန်လည် သက်သာနေပြီ ဆိုပေမဲ့ ဆေးရုံမှာဘဲ ရှိနေသေးပါတယ်။

နှလုံးသွေးကြောကျဉ်းရော ဂါဖြစ်ပြီး ဒီရောဂါမျိုးက အခန့်မသင့်ရင် အသက်အန္တရယ် ရှိနိုင်သောကြောင့် အထူးသတိထား ဂရုစိုက်ကုသရတဲ့ ရောဂါမျိုးလည်းဖြစ်ပါတယ်။ " အခုလို စိတ်ပူဂရုစိုက်ပေးကြတဲ့ ပရိသတ်ကြီးအားလုံးနဲ့ အနုပညာမောင်နှမတွေကို အထူးကျေးဇူးတင်ပါတယ် နေပြန်ကောင်းပြီသက်သာရင်လည်း အနုပညာအလုပ်တွေကို အရင်လိုပဲပြန်လုပ်ပါမယ်" ဟူ၍ ပြောပြလာခဲ့ပါတယ်။ ပရိသတ်ကြီးကလည်း ဟာသသရုပ်ဆောင် ဒိန်းဒေါင်အတွက် ဆုတောင်းစကားလေးတွေပြောခဲ့ ပါအုန်းနော်။

Source - B N MM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။