အာဆင်နယ်အသင်းရဲ့ ကစားသမား အလစ်ဆစ်ဆန်းချက်ဟာ မန်ယူအသင်းကို တရားဝင်ရောက်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ လေးနှစ်ခွဲစာချူပ်ချူပ်ဆိုပြီး ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းမှာ တပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ရရှိသွားမှာလည်းဖြစ်ပါတယ်။ဆန်းချက် ဟာ မန်ယူအသင်းမှာ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားသွားမှာလည်းဖြစ်ပါတယ်။

အလက်ဆစ်ဆန်းချက်က “ကမ္ဘာပေါ်က အကြီးကျယ် အခမ်းနားဆုံး ကလပ် အသင်း တစ်သင်းဆီကို ပြောင်းရွှေ့ ရဖို့ အတွက် အရမ်း ကို ရင်ခုန် စိတ်လှုပ်ရှား နေမိခဲ့ ပါတယ် ။ အာဆင်နယ် အသင်းနဲ့ ၃ နှစ်ခွဲ အချိန်ကာလ ကို အတူတကွ ဖြတ်သန်းခဲ့ ပြီး တကယ့်ကို ကောင်းမွန်တဲ့ အသင်းနဲ့ ပရိသတ်တွေ အကြောင်း ကျွန်တော့ဆီမှာ ကောင်းမွန်တဲ့ အမှတ်တရ တွေ အဖြစ် ကျန်ရစ် ခဲ့ပါတယ်။မန်ချက်စတာ ယူနိုက်တက် ရဲ့ သမိုင်းဝင် ကွင်းကြီးထဲမှာ ကစားရဖို့ နဲ့ ဟိုဆေး မော်ရင်ဟို လို နည်းပြမျိုးနဲ့ လက်တွဲ ရဖို့ ဆိုတာ ကျွန်တော် မငြင်းဆန် နိုင်တဲ့ အရာပါ ။ မန်ချက်စတာ ယူနိုက်တက် စီနီယာ အသင်း အတွက် ကစား ခွင့်ရတဲ့ ပထမဆုံး ချီလီ ကစားသမား ဖြစ်လာတဲ့ အတွက်လည်း ကျွန်တော် ဂုဏ်ယူမိ ပါတယ် ။ ယူနိုက်တက် က ကျွန်တော့ကို ဘာကြောင့် ခေါ်ယူဖို့ အလိုရှိ ခဲ့သလဲ ဆိုတာ ကမ္ဘာတစ်ဝှမ်းလုံးက ပရိသတ်တွေကို ကျွန်တော် ပြသ နိုင်လိမ့်မယ်လို့ မျှော် လင့်ထားပါတယ်” လို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။ 

မန်ယူနည်းပြ မော်ရင်ဟို ကလည်း “အလက်ဆစ် ဆန်းချက် ဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ် သမားတွေထဲက တစ်ယောက် ပါ ။ သူဟာ ကျွန်တော်တို့ အသင်းက ငယ်ရွယ်ပြီး အရည်အသွေး အပြည့် ရှိတဲ့ လူငယ်လေးတွေ အတွက် ပြီးပြည့်စုံတဲ့ အဖော်ကောင်း တစ်ယောက် ဖြစ်လာမှာပါ ။ သူ့ရဲ့ စိတ်အားထက်သန် မှု ၊ အရည်အသွေး တွေ ၊ လုပ်အားနှုန်းတွေ နဲ့ အနေအထိုင် ကောင်းမွန် မှုတွေဟာ မန်ချက်စတာ ယူနိုက်တက် ကစားသမား တစ်ယောက် မှာ ရှိသင့်တဲ့ အရည် အသွေးတွေ ဖြစ်သလို အသင်းကို ပိုပြီး အင်အား တောင့်တင်း စေမယ့် ကစားသမား တစ်ယောက် ရဲ့ အရည်အသွေး တွေ ဆိုရင်လည်း မမှားပါဘူး” လို့ ပြောဆို သွားခဲ့ ပါတယ် ။

source - sport myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။