အနုပညာရှင်ဆယ်လီစုံတွဲဖြစ်တဲ့ မင်းသားချောလေး သူရိယနဲ့ မင်းသမီးချောလေး ဆုအိမ့်စံတို့ကတော့ သူတို့ရဲ့ ချစ်သူသက်တမ်း နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါတယ်..။

သူတို့ ချစ်သူနှစ်ဦးရဲ့ ချစ်သူသက်တမ်းလေးကတော့ ယနေ့ ဇန်နဝါရီ(၂၂)ရက်နေ့လေးမှာ (၁)နှစ်ပြည့်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်..။

သူတု့ိနှစ်ယောက်ရဲ့ နှစ်ပတ်လည် အထိမ်းအမှတ်နေ့လေးမှာ အမှတ်တရအဖြစ် နှစ်ယောက်အတူ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်..။

ချစ်သူသက်တမ်း နှစ်ပတ်လည် အမှတ်တရအဖြစ် အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတအသင်းမှာ မိဘမဲ့ကလေးများအတွက် အလှူငွေ နှစ်သိန်းကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

သူတို့နှစ်ယောက်ရဲ့ အလှူဒါနလေးကို ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် ဆုအိမ့်စံက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို အသိပေးမျှဝေထားပါသေးတယ်..။

သိပ်ချစ်ကြတဲ့ သူတို့ စုံတွဲလေးကတော့ သူတို့ရဲ့ နှစ်ပတ်လည် အမှတ်တရနေ့လေးကို နှစ်ယောက်အတူ ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းနေတာ တွေ့ရပါတယ်..။

လိုက်ဖက်ညီပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်နဲ့ ချစ်ကြတဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ စုံတွဲလေးကတော့ ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ အနုပညာရှင် ဆယ်လီစုံတွဲလေးတွေထဲက တစ်တွဲပါပဲ..။

ပရိသတ်တွေရဲ့ အချစ်တော် သူတို့စုံတွဲလေးကတော့ စိတ်တူကိုယ်တူနဲ့ ဝါသနာတူပြီး အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အသီးသီး အခိုင်အမာရရှိထားတဲ့ ဆယ်လီစုံတွဲလေးလည်း ဖြစ်ပါတယ်..။

နှစ်ယောက်စလုံးဟာ အခမ်းအနားပွဲတော်တော်များများကိုလည်း နှစ်ယောက်အတူ တတ်ရောက်ကြပြီး အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေကြတာ တွေ့ရပါတယ်..။

Source - သူရိယ ၊ ဆုအိမ့်စံ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။