လတ်တလောမှာ သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကိုပိုင်ဆိုင်နေတဲ့ သူတို့နှစ်ယောက်ကတော့ အားကျစရာကောင်းလှပါတယ်။ရယ်တတ်တဲ့ G Fatt ရဲ့ တော်ကီအလန်းလေးတွေက မမနန်းစုကို ကြွေကျစေခဲ့တဲ့ အဓိကအရာလေးတွေဖြစ်မယ်လို့ထင်ပါတယ်။ပရိတ်သတ်တွေရော သူတို့အတွဲလေးကိုအားမကျဘူးလား။

Rap သီချင်းကိုအကြောင်းအရာပိုင်နိုင်စွာရေးသားပြီး ပရိတ်သတ်တွေအကြိုက်တွေ့အောင်သီဆိုနိုင်တဲ့ G Fatt ရဲ့ 120-B ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော် အယ်ဘန်လေးဟာလဲ မကြာမီထွက်ရှိလာတော့မှာပါ။ဝါသနာတူတဲ့ ချစ်သူလေး နန်းစုရဲ့ ရူးခါနေအောင်ချစ်ရသူ ဆိုတဲ့သီချင်းလေးကလဲ ပရိတ်သတ်တွေအကယ်အကြိုက်တွေ့ခဲ့ကြတဲ့သီချင်းလေးပါပဲ။ ရူးခါနေအောင်ချစ်တဲ့ နန်းစုနဲ့ ကွီးကျွဲကောသီးလေးကိုရောချစ်ကြတယ်မလား။

တယောက်ကိုတစ်ယောက်အပြန်အလှန်စနောက်ရင်း ပျော်ရွှင်နေတတ်တဲ့ သူတို့နှစ်ယောက်ဘဝကကြည်နူးစရာ ကောင်းလှပါတယ်။ အခုဆိုရင် G Fatt ရဲ့စနောက်မှုကြားမှာ နန်းစုတစ်ယောက်ကတော့ အငိုက်မိသွားခဲ့ပါတယ်။စနောက်ခဲ့တာလေးကတော့ “ဟုတ်ကဲ့ အခုဆိုရင်ကျနော်တို့ရဲ့ဘေးနားမှာ ရောက်ရှိနေတဲ့ မင်းသမီလေးဟာဆိုရင်တော့ဖြင့် အိုးးးးးးးးးးးးးး မိုင်ဂေါ့” ဆိုပြီးစနောက်ခဲ့တာဖြစ်ပါတယ်။ နန်းစုတစ်ယောက်ကတော့ အငိုက်မိသွားပြီး ဟယ်ဘာလား ဆိုတဲ့စကားလေးတစ်ခွန်းပဲပြောနိုင်ခဲ့ပါတယ်။

source - G Fatt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။