တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေးကတော့ သူမရဲ့ အနုပညာသက်တမ်း နှစ်ပတ်လည်ပွဲလေး ပြုလုပ်ခဲ့ပါတယ်..။

သူမရဲ့ အနုပညာသက်တမ်း (၁၅)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲလေးကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။

အနုပညာသက်တမ်းနှစ်ပတ်လည် နေ့လေးကို ပျော်ရအင်စွာ ဖြတ်သန်းခဲ့ပြီး ပုံရိပ်လေးတွေကိုလည်း သူမရဲ့ အင်စတာဂရမ်အကောင့်ကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

အနုပညာသက်တမ်း (၁၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပရိသတ်တွေဆီက ရရှိခဲ့တဲ့ လက်ဆောင်တွေနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေ ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

ဓာတ်ပုံလေးနဲ့အတူ သူမ အနုပညာသက်တမ်း(၁၅)နှစ်ပြည့်သွားတဲ့အကြောင်းနဲ့ အားပေးချစ်ခင်နေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကားလေးတွေလည်း ရေးသားပြောထားပါသေးတယ်..။

မင်းသမီး Han Ji Min ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချောတစ်လက်လည်း ဖြစ်ပါတယ်..။

သူမရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာတွေနဲ့ အပြုံးချိုချိုလေးတွေကြောင့်လည်း တောင်ကိုရီယားနိုင်ငံမှာသာမက အာရှနိုင်ငံရဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုပါ အခိုင်အမာရရှိပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

ဇာတ်ကားတော်တော်များများမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး လတ်တလောမှာလည်း နာမည်ကြီး ဓာတ်ပုံ၊ မဂ္ဂဇင်းကြော်ငြာများရိုက်ကူးပေးနေပြီး ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေတယ်လို့ သိရပါတယ်..။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။