ပရိသတ်အချစ်တော်မင်းသားတစ်လတ်ဖြစ်တဲ့ မင်းသွေးကို ပရိသတ်များ ချစ်မယ်ထင်ပါတယ်။ အနုပညာလောကထဲကို ရောက်ရှိလာခဲ့ပြီး ပရိသတ်အချစ်ကို မတူညီတဲ့ ပုံစံတစ်မျိုးနဲ့ သိမ်းပိုက်နိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ မနေ့က ဖြစ်ပျတ်ခဲ့တဲ့ ကိစ္စတစ်ခုအတွက် ရယ်ရမလို ၊ ငိုရမလိုဖြစ်ခဲ့ကြောင်းကို ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသွေးက ပြောပြခဲ့ပါတယ်။ 

မင်းသွေးပြောပြခဲ့တဲ့ပုံစံကတော့ " ဒီနေ့ အဖြစ်အပျက်လေးတစ်ခု ပြောပြချင်ပါတယ်။ ရယ်ရမလို ငိုရမလို ဆိုသလို ဖြစ်တာဗျို့ ဒီနေ့ကျွန်တော် ခရီးတစ်ခုထွက်ဖို့ရှိလို့ Gandamar Wholesale မှာ မြန်မာငွေနဲ့ နိုင်ငံခြားငွေ သွားလဲတယ်ပေါ့ဗျာ..အိမ်နေရင်းဘောင်းဘီတို စွပ်ကျယ်နဲ့ပဲထွက်လာတာဆိုတော့ ကျွန်တော်ကို ကျွန်တော်ပရိတ်သတ်တစ်ယောက်ယောက် တွေ့သွားရင် မြင်မကောင်းဘူးဆိုပြီး ကားပေါ်ကဆင်းတော့ Mask လေးအုပ်သွားတယ်ပေါ့ဗျာ။ ဇာတ်လမ်းက အဲဒီမှာစတာ အထဲဝင်ခါနီး အနောက်က လူတစ်ယောက်လှမ်းဆွဲတယ် " အကို ခဏလေး ဓါတ်ပုံရိုက်ချင်လို့တဲ့ " ဒါနဲ့ ကျွန်တော်လည်း နည်းနည်းတော့ ကြောင်သွားတယ်ငါ Mask အုပ်ထားတာကိုပေါ့ "အကို လူမှားနေပြီထင်တယ် " ပြောတော့

ဘာပြောတယ်မှတ်လဲ "ဒီမှာ ကိုမင်းသွေး ၊အကို့ကို ခွေးချီသွားတောင်မှတ်မိတယ် Mask လေးချွတ်ပါဗျာ ၊ တစ်ပုံလောက် Selfie ဆွဲရအောင် " တဲ့

ကဲ အဲဒီစကားပုံ ဘယ်သူထွင်ခဲ့တာတုန်း" ဟူ၍ အဖြစ်အပျတ်လေးကို ပြောပြခဲ့ပါတယ်။

ကဲ ပရိသတ်ကြီးရေ မနေ့ဖြစ်ခဲ့တဲ့ သရုပ်ဆောင်မင်းသား မင်းသွေးရဲ့ အဖြစ်အပျတ်လေးကတော့ ရယ်ရမလို၊ ငိုရမလို ဖြစ်ခဲ့တာတော့ အမှန်ပဲဖြစ်ပါတယ်။ နောက်ပြီး မင်းသွေးအပြောခံခဲ့ရတဲ့ စကားပုံလေးက အထူးအဆန်းလေးမဟုပ်ပေမယ့် ဟာသဆန်ဆန် စကားလုံးတစ်ခုဖြစ်မှာသေချာပါတယ်။ ပရိသတ်ကြီးအတွက် မနေ့ဖြစ်ခဲ့တဲ့ မင်းသွေးရဲ့ ဖြစ်ပုံလေးနဲ့ အတူ မျှဝေပေးလိုက်ပါတယ်။

Source - Min Thway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။