ပရိတ်သတ်အချစ်တော် ဖွေးစိန်လေးတစ်ယောက်ဟာ အေးမြတဲ့ရာသီဥတုနဲ့ သာယာတဲ့သဘာဝပတ်ဝန်းကျင်ရှိတဲ့ ပြင်ဦးလွင်မြို့ကိုရောက်၇ှိနေပါတယ်။ ပြင်ဦးလွင်မြို့ရဲ့ ညအလှနဲ့ အအေးဓာတ်ကို အံတုရိုက်ထားတဲ့ ဖွေးစိန်လေးရဲ့ ချစ်စရာဓာတ်ပုံလေးတွေကို ပရိတ်သတ်ကြီးတွေဆီဖော်ပြပေးလိုက်ပါတယ်နော်။

ဖွေးစိန်လေးဟာ အမြဲလိုလိုပွင့်ပွင့်လင်းလင်းနဲ့ အစားအသောက်ကိုလည်းခုံမင်နှစ်သက်လှသူပါ။ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ အပြုမှုလေးတွေကြောင့် လူကြီး/လူငယ် အရွယ်သုံးပါးလုံးရဲ့ အချစ်တော်မင်းသမီးလေးတစ်လက်လည်းဖြစ်ပါတယ်။ သူမရဲ့ကြိုးစားမှုတွေဟာဆိုရင် အနုပညာရပ်ဝန်းထဲမှာ မှတ်ကျောက်တင်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၂ ရုပ်ရှင်အကယ်ဒမီပေးပွဲမှာ လက်ပံဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကိုရှိခဲ့ပါတယ်။ 

(၂၀၁၇)ရဲ့ အကယ်ဒမီဆုပေးပွဲမှာလည်း ပရိတ်သတ်တော်တော်များများက ရွှေကြာဇာတ်ကားနဲ့ အကယ်ဒမီဆုကိုဖွေးစိန်လေးတွက် မျှော်မှန်းပေးထားကြပါတယ်။ ဖွေးစိန်ကိုချစ်တဲ့ ပရီတ်သတ်တွေရဲ့ ရင်ထဲကဆန္ဒနဲ့ လက်တွေ့ထပ်တူကျနိုင်ကြပါစေလို့။ ဖွေးစိန်လေးရှေ့လျှောက်မယ့်အနုပညာလမ်းမှာလည်း ဒီထက်မကအောင်မြင်မှုတွေရရှိနိုင်ပါစေနော်။  

source - phway phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။