မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ ဂျူဗင်တပ်အသင်းဟာ ဂျီနိုအာအသင်းကို တစ်ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဇယားထိပ်ဆုံးက နာပိုလီအသင်းကို ဆက်လက်ဖိအားပေးနေခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ ရမှတ် ၅၃ မှတ်ရရှိထားကာ အဆင့် ၂ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။နာပိုလီအသင်းနဲ့ ၁ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်ရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဒေါက်ဂလက်ကော်စတာ၊ ဟီဂူအင်၊ မန်ဇူကစ်၊ ခီဒီယာ၊ ပီဂျာနစ်၊ မာတွီဒီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဂျီနိုအာအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ပန်ဒက်၊ တာရက်ဘ်၊ လာဇော့၊ ဘာတိုလက်ချီ ၊ ရော့စီ၊ ရီဂေါ့နီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဂျီနိုအာအသင်းဟာ ဂျူဗင်တပ်အသင်းကို ထိရောက်တဲ့ ဂိုးပေါက်ကန်သွင်းချက်တွေပြုလုပ်နိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းက အစောပိုင်းသွင်းဂိုးနဲ့ ဦးဆောင်ကစားခဲ့ပြီး အနိုင်သုံးမှတ်ကို ရယူခဲ့တာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ၁၅ မိနစ် မှာ ဒေါက်ဂလက်ကော်စတာ ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာ နာပိုလီနဲ့ ဂျူဗင်တပ်အသင်းဟာ စီးရီးအေဖလားအတွက် နှစ်သင်းထဲ အားပြိုင်နေတာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းကသာနောက်ပိုင်းနှစ်တွေမှာ ဦးဆောင်နေခဲ့တဲ့ စီးရီးအေမှာ နာပိုလီအသင်းကအကောင်းဆုံး ပြိုင်ဘက်ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။