ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချောလေး ကျော်ထက်ဇော်ကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်လေးကို ထပ်မဟက်ဖို့အတွက် တောင်းဆိုလိုက်ပါတယ်..။

မင်းသားချောလေး ကျော်ထက်ဇော်ဟာ အရင်ကလည်း သူ့အကောင့်ကို ထိန်းချုပ်ခံခဲ့ရပြီး အလှူလေး ပြုလုပ်ပေးဖို့အတွက်လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်..။

အခုတစ်ခါမှာတော့ သူအကောင့်လေးကို အခြားလူတွေအနေနဲ့ ထပ်မဟက်ကြဖို့ကို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်..။

အကောင့်တစ်ခါဟက်ခံရတိုင်း စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်ရတဲ့ဆိုပြီးလည်း မင်းသားချောလေး ကျော်ထက်ဇော်က ပြောပြထားပါသေးတယ်..။

သူ့ရဲ့ အကောင့်လေးကို ထပ်မဟက်ဖို့အတွက် မင်းသားချောလေး ကျော်ထက်ဇော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားတောင်းဆိုထားတာဖြစ်ပါတယ်..။

“ကျနော် ထပ်ပြီး တောင်းဆိုပါရစေ တစ်ခါ Hack ခံရတိုင်း စိတ်မကောင်းဖြစ်ရသလို ဝမ်းနည်းရပါတယ်.. ကျနော့် အဝေးရောက်နေတဲ့ ညီအစ်ကိုမောင်နှတွေ အားလုံး ချစ်တဲ့ သူတွေအားလုံး နဲ့ တွေ့ဆုံဖို့ရာ ဒီတစ်နေရာလေးပဲ ရှိလို့ပါဗျာ..။

M4L. family က ညီအစ်ကိုတွေ အလှူလုပ်စေချင် လို့ Hack တုန်းက ပြောပြထားတဲ့ နေရာမှာလည်း ကျနော် အလှူလုပ်ဖို့လည်း ရက်တွေ ယူထားပြီးပါပြီ.. 29 ရက်နေ့ သွားလှူမှာပါ..။

ဒီညီအစ်ကိုတွေကလည်း အလှူလုပ်မယ်ဆိုလို့ ပြန်ပေးထားတာ ကြာပါပြီ.. တခြားညီအစ်ကိုများ ကျနော် အကောင့်လေး မhack ပါနဲ့တော့ဗျာ တောင်းဆိုပါတယ်နော်..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။


မင်းသားချောလေး ကျော်ထက်ဇော်ကတော့ MRTV-4 ရုပ်သံကနေ ထုတ်လွှတ်ပြသခဲ့တဲ့ “အမုန်းမှသည်” ဇာတ်ကားနဲ့ သရုပ်ဆောင် အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်..။

သူ့ရဲ့ ပထမဆုံး အနုပညာခြေလှမ်းဖြစ်တဲ့ “အမုန်းမှသည်” ဇာတ်ကားမှာ စိုင်းနေရောင် အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတာ တွေ့ရပါတယ်..။

လတ်တလောမှာလည်း အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ဆောင်နေပြီး ဓာတ်ပုံ မဂ္ဂဇင်းကြော်ငြာများလည်း ရိုက်ကူးပေးနေကာ ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေတယ်လို့ သိရပါတယ်..။

Source - ကျော်ထက်ဇော် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။