မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကြီးကိုကျင်းပလာတာပွဲစဉ်နှစ်

အထိရောက်လာခဲ့ပါပြီ။ဒီနှစ်မြန်မာနေရှင်နယ်လိဂ်ဟာ

မနှစ်ကထက်စာရင်ပိုကောင်းလာတယ်လို့မြန်မာ့ဘောလုံး

ချစ်ပရိသတ်တွေကသုံးသပ်နေကြပါတယ်။ဒီနှစ်

နေရှင်နယ်လိဂ်နဲ့အတူတောက်ပလာခဲ့တဲ့ကစားသမားတစ်

ယောက်ကတော့ရတနာပုံအသင်းရဲ့ကွင်းလယ်လူမြတ်ကောင်းခန့်ပါ။မြတ်ကောင်းခန့်ဟာမြန်မာယူ-21အသင်းရဲ့အဓိက

ကွင်းလယ်လူတစ်ဦးဖြစ်ပြီးဒီနှစ်ဘောလုံးရာသီမှရတနာပုံအသင်းဆီပြောင်းရွှေ ့လာခဲ့သူပါ။

ဒီနှစ်ရတနာပုံအသင်းကစားခဲ့တဲ့ဧရာဝတီယူနိုက်တက်၊

ရခိုင်ယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်တွေမှာမြတ်ကောင်းခန့်

ပါဝင်ကစားခဲ့ပြီးနှစ်ပွဲစလုံးဂိုးသွင်းယူထားခဲ့ပါတယ်။လက်ရှိ

ရတနာပုံအသင်းရဲ့ကွင်းလယ်မှာရဲကိုဦး၊မျိုးကိုထွန်း၊

လှိုင်းဘိုဘို၊ရဲရင့်ထွန်းစတဲ့စီနီယာကစားသမားတွေနဲ့

တွဲဖက်ပြီးကစားနေရတဲ့အပေါ်သူ့အနေနဲ့ကျေနပ်မိတယ်လို့

ပြောပါတယ်။"ကိုယ့်ထက်စီနီယာကျတဲ့ကစား

သမားတွေနဲ့ကစားခွင့်ရပြီးခြေစွမ်းလည်းပြနိုင်လို့ဂုဏ်ယူ

ပါတယ်။အသင်းနဲ့မြန်မြန်ဆန်ဆန်ပဲအထိုင်ကျသွားပြီလို့

ထင်ပါတယ်။ဆက်ပြီးတော့လည်းကြိုးစားသွားမှာပါ"

လို့မြတ်ကောင်းခန့်ကပြောပါတယ်။

ကွင်းလယ်ကစားသမားကောင်းတွေပေါ်ထွက်မှုနည်းပါးလှတဲ့

မြန်မာ့လက်ရွေးစင်အသင်းအတွက်တော့မြတ်ကောင်းခန့်ဟာ

အားတစ်ခုဖြစ်လာမှာသေချာပါတယ်။မြတ်ကောင်းခန့်ဟာ

မြန်မာ့လက်ရွေးစင်အသင်းသက်တမ်းအလိုက်ပြိုင်ပွဲတွေမှာ

တောက်လျှောက်ပါဝင်ပြီးခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။လက်ရှိမှာလည်းဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲဝင်မယ့်မြန်မာယူ-21

အသင်းမှာလည်းပါဝင်နေသူပါ။မြတ်ကောင်းခန့်အနေနဲ့

ရတနာပုံအသင်းရဲ့နောက်ထပ်ပွဲတွေဖြစ်တဲ့GFA၊ရှမ်းတို့နဲ့

အဝေးကွင်းပွဲစဉ်တွေမှာသူရဲ့တောက်ပတဲ့ခြေစွမ်းတွေကိုဆက်လက်ထိန်းသိမ်းသွားနိုင်မလားဆိုတာတော့....

Source-MNL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။