တိုးတက်ပြောင်းလဲနေသော မြန်မာ့ပညာရေးစနစ်ထဲမှ ယခုဖြစ်ပျတ်ခဲ့တဲ့ အကြောင်းရာလေးက ပြဿနာတစ်ခုလည်းဖြစ်လာပါတယ်။၎င်းမှာ အဋ္ဌမတန်းမှ စပြီး အထက်တန်းပညာရေးပြီးဆုံးချိန်ထိ အင်္ဂလိပ်စာ 4 Skills (အရေး၊အဖတ်၊ အပြော၊ နားထောင်ခြင်း ) ပြောင်းလဲသင်ကြားပေးရန် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ တင်သွင်းခဲ့သောအဆို ရှုံးနိမ့်ခဲ့ကြောင်းသိရပါတယ်။ ယင်း အဆိုကို ယနေ့ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် အမျိုးသားလွှတ်တော်သတ္တမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၂၀၈ ဦးအနက် ထောက်ခံမဲ ၉၆ မဲ၊ ကန့်ကွက်မဲ ၁၀၂ မဲနှင့် ကြားနေမဲ ၁မဲ ရရှိကာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပါတယ်။

" မှတ်တမ်းလည်းမဟုတ်ဘူး အတည်လည်းမပြုဘူးဆိုတော့ ကျွန်မကတော့ အမျိုးသားလွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူခဲ့တယ်။ ၆ မဲနဲ့ ကျွန်မရဲ့ အဆိုကို ရှုံးတာပေါ့နော်။ ဆိုတဲ့ဟာကျတော့ ကျွန်မတို့ လူငယ်တွေ အင်္ဂလိပ်စကားပြောတတ်ဖို့အတွက် ၁၀နှစ်လောက် ကြိုးပမ်းရဦးမယ်ဆိုတဲ့ အဖြစ်ပါပဲရှင့်။ဝန်ကြီးဌာနကတော့လုပ်နေတယ်လို့ပြောပါတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက တင်သွင်းခဲ့သောအဆိုနှင့်ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

လက်ရှိပြောင်းလဲမှုတစ်ခုဖြစ်လာစေဖို့ ကြိုးစားအားထုတ်ခဲ့တဲ့ အဋ္ဌမတန်းမှစ အင်္ဂလိပ်စာ သင်ကြားမှုပြောင်းလဲရေး အဆိုကို မနေ့က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်သတ္တမပုံမှန်အစည်းအဝေးတွင် ရူံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁)မှ အဆိုရှင် ဒေါ်ထုမေကမူ ယခုကဲ့သို့ အဆိုရှုံးနိမ့်ခဲ့ခြင်းသည် မြန်မာနိုင်ငံက ကလေးငယ်များသည် အင်္ဂလိပ်စကားပြောတတ်ရန်အတွက် ၁၀နှစ် ထပ်မံကြိုးပမ်းရမည် ဖြစ်သည်ဟု လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောကြားခဲ့ပါတယ်။

Source - Mizzima

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။