ပရိသတ်တွေအတွက် ပုံစံအဆန်းလေးတွေကို မကြာခနပြသခဲ့တဲ့ သရုပ်ဆောင်မင်းသမီး ခင်လေးနွယ်ကို ပရိသတ်များ ချစ်ကြမယ်ထင်ပါတယ်။ အမြဲ တမ်းခံစားချက်တွေ အလှဓာတ်ပုံတွေကို တင်ပြ၊ ပြောပြလေ့ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။ ယခု ခင်လေးနွယ်၏ အကောင့်တွင့် သူမကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ ချစ်သူများနေ့ ပန်းစည်းအကြောင်းကို ပြောပြခဲ့ပါတယ်။

မင်းသမီး ခင်လေးနွယ်ဟာ သူမကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ ပန်းစည်းနဲ့အတူ သူမရဲ့စိတ်ခံစားမှုအချို့ကိုလည်း ပြောပြထားတာတွေ့ရပါတယ်။ ခင်လေးနွယ်၏ စာသားလေးကတော့ "Valentine day လဲနီးလာပြီဆိုတော့ မိခင်လေး ကိုယ်တိုင် စည်းခဲ့တဲ့ ပန်းစည်းလေးတွေထဲက တစ်ချို့ပုံလေးတွေပြန်တင်လိုက်ပါတယ်နော်။ ပန်းစည်းနေခဲ့တဲ့ အချိန်တုန်းကလေ အရမ်းစိတ်ချမ်းသာခဲ့တယ် ခေါင်းထဲမှာ ဘာအတွေးမှ မဝင်ပဲ ပန်းစည်းထဲမှာပဲ စိတ်ရောက်နေတော့ အရမ်းအေးချမ်းတယ်။ ပြန်စဉ်းစားကြည့်လိုက်တော့ ပြီးခဲ့တဲ့နှစ်က မိခင်လေးအတွက် စိတ်ညစ်စရာတွေအများကြီးရှိခဲ့ပေမယ့် ဒီပန်းသင်တန်းတွေတက်ပြီး ပန်းစည်းခဲ့တာကြောင့် စိတ်ချမ်းသာခဲ့ရတယ်။ ပန်းစည်းရော ပန်းထိုးရော တတ်အောင်သင်ပေးခဲ့တဲ့ ဆရာမတွေကို ကျေးဇူးများကြီးတင်ပါတယ်ရှင့်" ဟူ၍ရေးသားပြီး တင်ခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်အချစ်တော် မင်းသမီးခင်လေးနွယ်ရဲ့ အရင်က ခံစားချက်များကိုပါ ဖော်ပြထားတာတွေ့ရပါတယ်။ ဒီကနေ့တင်ခဲ့တဲ့ မင်းသမီးခင်လေးနွယ်ရဲ့ စာသားနဲ့ ပန်းစည်းဓာတ်ပုံများနဲ့ သူမရဲ့ ဓာတ်ပုံများကို ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source - Khin Lay Nwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။