ဒီနေ့ကျရောက်တဲ့ သမီးချောလေး မြမိုးဂင်္ဂါရဲ့ မွေးနေ့ကိုတော့ မေမေချမ်းချမ်းက ပထမဦးဆုံး ဦးဦးဖျားဖျားဆုတောင်းပေးလိုက်ပါတယ်။ သမီးလေးဘဝမှာ စိတ်ချမ်း သာကိုယ်ကျန်းမာနဲ့ အချိန်တွေကို အကောင်းဆုံးပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးကာ ဒီနှစ်တော့ သမီးလေးမိစုံဖစုံနဲ့ မနေရပေမယ့် သမီးလေးပျော် အောင်နေနော်လို့ ရေးသား ထားတာလည်း တွေ့ရပါတယ်။

သမီးလေးရဲ့မွေးနေ့မှာ မိစုံဖစုံမနေရလို့ စိတ်မကောင်းဖြစ်နေတဲ့ ပုံပါ။ ဒါကြောင့်အရင်နှစ်က ပျော်ရွင်စွာကျင်းပခဲ့တဲ့ မိသားစုပုံလေးနဲ့ မွေးနေ့ဆုတောင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။ သမီးလေးနဲ့ သူမရှေ့ရေးအတွက် အလုပ်တွေကို မနားတမ်းအဆက်မပြတ်လှုပ်ရှားနေတဲ့ သူမက ခဏအနားယူဖို့အတွက် ဂေါ်ရင်ဂျီကျွန်းမှာ သမီးလေးနဲ့အတူ ခဏလောက်အနားယူ လိုက် ပါအုံးမယ်လို့ဆိုပါတယ်။

မွန်းကျပ်မှုတွေနဲ့ ဝေးကွာရာ တောင်ပေါ်မြို့လေးမှာ အခြေချ နေထိုင်ဖို့ စိတ်ကူးရှိ တဲ့သူမက မဝေးတော့တဲ့ အနာဂတ်အတွက် ပြင်ဆင်လို့နေပါပြီ။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆိုရှင်တစ်ယောက်ဖြစ်သလို မျိုးဆက်သစ်အဆိုရှင်များအတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ ချမ်းချမ်းကိုလဲ အရင်ကထက် ပိုချစ်မယ်မဟုတ်လား ပရိသတ်ကြီးရေ။

Happy Birthday ပါ သမီးလေးရေ ။

Source – Chan Mya Nyein FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။