ရိတ်သတ်တွေ သုံးစွဲလေ့ရှိကြတဲ့ လျှပ်စစ်နဲ့တွဲသုံးရတဲ့ ရေနွေးအိတ်လေးကို အသုံးပြုရာမှာ သတိလေးထားပြီးသုံးစွဲစေချင်ပါတယ်။ အန္တရာယ်တစ်ခုမကျရောက်မီ ကြိုတင်ကာကွယ်တာက အကောင်းဆုံးနည်းလမ်းလေးမို့ ယခုသတင်းလေးကိုဝေမှျှပေးရခြင်းဖြစ်ပါတယ်။ မိန်းကလေးတွေအနေနဲ့ကတော့ မိမိတို့ရဲ့မျက်နှာအသားအရေလှပမှုကို အရမ်းအလေးထားကြတဲ့သူတွေဖြစ်တဲ့အတွက် ပိုမိုဂရုစိုက်စေချင်ပါတယ်။
တချို့မိန်းကလေးတွေအသုံးပြုလေ့ရှိတဲ့လျပ်စစ် ရေနွေးအိတ်လေးကတော့ တခါတရံမှာသုံးစွဲသူအပေါ် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ရေနွေးအိတ်လေးကို ရေနွေးပူလာအောင် အားသွင်းနေချိန်မှာ အပူလွန်ကဲပြီး ပေါက်ထွက်တတ်ပါတယ်။ ပေါက်ထွက်သွားပြီဆိုရင်တော့ မျက်လုံးတဝိုက် ၊မျက်နှာ ၊ နား၊ ဆံပင်ဦးရေပြားအထိ ရေနွေးပူတွေလောင်ကျွမ်းကာ မျက်နှာတစ်ခုလုံးပျက်စီးသွားနိုင်ပါတယ်။
ပုံမှန်အနေအထားအရဆိုရင်တော့ ရေနွေးအိတ်လေးထဲက ရေနွေးတွေဆူပွက်လာတဲ့အချိန်ကြရင် အလိုအလျောက်ခလုတ်ပိတ်ပေမယ့် အခန့်မသင့်ရင်တော့ ရေနွေးအိတ်ပေါက်ကွဲပြီး မျက်နှာတစ်ခုလုံးပျက်စီးသွားနိုင်ပါတယ်။ အမှတ်မထင်သတိမထားမိတဲ့ အရာလေးတစ်ခုကနေ တစ်သက်လုံးသေရာပါမယ့် ဒဏ်ရာအနာတရတွေမဖြစ်စေဖို့ကြိုတင်ကာကွယ်ပြီး သုံးစွဲတဲ့အခါမှာလည်း သတိရှိရှိနဲ့သုံးစွဲစေချင်ပါတယ်။ အလှအပကိုတန်ဖိုးထားမြတ်နိုးတဲ့ အမျိုးသမီးတွေအနေနဲ့ ကြိုတင်သတိထားနိုင်စေဖို့ ဒီသတင်လေးကိုတင်ဆက်ပေးအပ်ပါတယ်။
source - Nang Shally
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။