အနုပညာလောကထဲကို အချိန်အတော်ကြာမှ တစ်ကျော့ပြန် ၀င်ရောက်လာပြီး ယနေ့ထိ ပရိသတ်အခိုင်အမာရရှိနေသူကတော့ သရုပ်ဆောင်မင်းသား ရဲတိုက်ဖြစ်ပါတယ်။

မနေ့ညနေက ရဲတိုက်တစ်ယောက် အိပ်ဆေးအပြား(၄၀)ခန့်သောက်သုံးပြီးနောက် အရေးပေါ်ဆေးရုံတက်လိုက်ရတဲ့သတင်းကြောင့် အနုပညာအသိုင်းဝိုင်းနဲ့ ပရိသတ်တွေလည်း စိုးရိမ်နေရတာဖြစ်ပါတယ်။

လူမှုကွန်ရက်မှာတော့ ရဲတိုက်ကို အမှန်တကယ်စိတ်ပူပေးကြတဲ့ ပရိသတ်တွေရှိသလို ဝေဖန်ကြတဲ့သူတွေလည်းရှိနေတာဖြစ်ပါတယ်။

လက်တလောမှာ သတိပြန်ရလာပြီးနေကောင်းလာပြီဖြစ်တဲ့ ရဲတိုက်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ အိပ်ဆေးအလွန်အကျွံသောက်သုံးပြီး ဆေးကုသမှုခံယူနေရတဲ့ သတင်းဟာ ကောလဟာလဖြစ်ကြောင်း အကြောင်းရင်းမှန်ကို ဒီနေ့မှာ ပြောပြခဲ့ပါတယ်။

ဒိုင်ယာစီပင်အလုံး(၄၀)ခန့်သာသောက်လိုက်မယ်ဆိုရင် အခုချိန်သာဆို အသက်မရှိတော့ပါဘူး လို့ အဆိုပါဗီဒီယိုမှာ ဖြေရှင်းထားပါတယ်။

“မနေ့ညက ကျွန်တော်အလုပ်ပင်ပန်းလို့ အရက်လေး(၂)ပတ်လောက် သောက်လိုက်တယ် သောက်ပြီးတော့ အစာနည်းနည်း မတည့်တာလေးစားလိုက်တယ် စားလိုက်ပြီးတော့ ညစားပေါ့နော် ကျွန်တော်သောက်နေကျဆေးလေးသောက်လိုက်တယ် ပုံမှန်လည်းလုပ်နေကျပါပဲ ဒါပေမယ့် မနေ့ညက ဘာအစားမှားသွားလဲမသိဘူး တစ်ခုခုပေါ့ Food Poison (အစာအဆိပ်သင့်)ပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် Live လွှင့်ပြီး ပြောပြခဲ့ပါတယ်။

ရဲတိုက်ဟာ သူ့အနေနဲ့ လူမှုကွန်ရက်မှာ သူ့ကိုနောက်တစ်ကြိမ်အမှားပြန်လုပ်နေပြီဆိုတဲ့ ဝေဖန်မှုတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေကြောင်း ၊ အကြောင်းရင်းမှန်မသိပဲ နားလည်မှုလွဲနေတဲ့ ပရိသတ်တွေကိုလည်း သိစေချင်တဲ့အတွက်အခုလိုပြောပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရဲတိုက်တစ်ယောက် မနက်က သူ့ရဲ့ မန်နေဂျာနဲ့ အတူ ဆေးရုံမှာ ရွှင်ရွှင်လန်းလန်း ဓာတ်ပုံလေးတွေတင်ထားပါတယ်။

ပရိသတ်အချစ်တော် ရဲတိုက်ဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ်(၄)နှစ်တာကျခံခဲ့ပြီး နို၀င်ဘာလမှာ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

ပရိသတ်မလျော့သေးတဲ့ ရဲတိုက်ဟာ လက်တလောမှာ မှန် ဆိုတဲ့ ရုပ်ရှင်ကားကို ရိုက်ကူးနေပြီး ကြော်ငြာတွေလည်း ဆက်တိုက်ရိုက်ကူးနေရပါတယ်။

ကောလဟလကို အမှန်ထင်နေတဲ့ ပရိသတ်တွေလည်း အမြင်ရှင်းသွားအောင် လက်ဆင့်ကမ်းမျှဝေပေးလိုက်ပါဦးနော်။  

Source :Sunday 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။