နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်သူ အောန်ဆိုင်းတစ်ယောက် သူမ သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ပွဲကိုရောက်ရှိနေတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေကို Facebook ပေါ် တင်ထားတာပဲဖြစ်ပါတယ်။ မင်္ဂလာပွဲကျင်းပတဲ့ နေရာကလှပတဲ့ ရှုခင်း တွေနဲ့အတူ သူမရဲ့ အမိုက်စားပုံရိပ်တွေ တွဲဖက်လိုက်တဲ့အခါ အလန်းတကာ့အလန်းဆုံး ပုံရိပ်တွေပေါ်ပေါက်လာပါတော့တယ်။ ချစ်စရာကောင်းတဲ့တိုင်းရင်းသူလေး အောန်ဆိုင်း ဟာ အနုပညာလောကထဲကို မော်ဒယ် အဖြစ် နဲ့ စတင်ဝင်ရောက်လာခဲ့ပြီး အခုချိန်ထိတော့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင် တာကို မတွေ့ရသေးပါဘူး။ သူမရဲ့ ပရိတ်သတ်တွေကတော့ သူမကိုသရုပ်ဆောင်ပိုင်းမှာ လည်း မြင်တွေ့ချင်ပုံရပါတယ်။

စကားသံဝဲဝဲနဲ့ ချစ်စဖွယ်တိုင်းရင်းသူလေးဟာ ဝေလရဲ့ သီချင်း MTV မှာလည်း ပါဝင် သရုပ် ဆောင် ထားပြီး ပရိတ်သတ်တွေတခဲနက်အားပေးမှုကိုလည်း ရရှိခဲ့သူတစ်ဦးဖြစ်ပါ တယ်။ ပရိတ်သတ်အချစ်တော်မော်ဒယ်မလေးတစ်ယောက်ကတော့ သူငယ်ချင်းရဲ့ မင်္ဂလာပွဲမှာ အမိုက်စား Fashion နဲ့ အပြတ်ကိုလန်းနေတာပဲဖြစ်ပါတယ်။ သူမက အမြဲ လိုလို နိုင်ငံရပ်ခြားခရီးသွားပြီး အမိုက်စား Pose တွေကို တင်တတ်တဲ့ အလန်းစားမော်ဒယ် လေးပါပဲ။

သူမရဲ့ Facebook မှာ သူငယ်ချင်း မင်္ဂလာဆောင် ဆိုပြီး အစိမ်းရောင်ဝမ်းဆက်နဲ့ လှပလွ န်းတဲ့ သူမရဲ့ပုံရိပ်တွေကို တွဲဖက်ပြီးတင်ထားတာဖြစ်ပါတယ်။ အလှကြီးလှနေတဲ့ သူမရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေက ပရိသတ်တွေရဲ့ အသည်းကို ပိုဆိုဆွဲဆောင်လိုက်သလိုပါပဲ။ ချစ်စရာကောင်းတဲ့ အောန် ဆိုင်းရဲ့ မင်္ဂလာပွဲတက်ရောက်ခဲ့တဲ့ အစိမ်းဝမ်းဆက်နဲ့ အကြွေ စင်ပုံရိပ်တွေကို ပရိတ်သတ် ကြီးအတွက် တင်ဆက်ပေးလိုုက် ပြီနော်။

Source – Awn Seng’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။