မြန်မာနိုင်ငံတွင် မီးလောင်မှုတွေ မကြာခနဖြစ်ပွားနေတာကို တွေ့မြင်ရပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင်လည်း ရန်ကုန်တွင်မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါမိးလောင်မှုကတော့ လှိုင်သာယာမြို့နယ်၊ အမှတ်(၆)ရပ်ကွက် စက်မှုဇုန် ၄ ရန်ကုန်- ပုသိမ်ကားလမ်းဘေးတွင် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ယင်း မီးလောင်မှုသည် နေလည် ၁၂ နာရီ အချိန်တွင် စတင်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

အဆိုပါမီးလောင်မှုဖြစ်ပွားရချင်း အကြောင်းအရင်းမှာ ရန်ကုန်- ပုသိမ်ကားလမ်းဘေးတွင် သွယ်တန်းထားသော ဂတ်စ်ပိုက်လိုင်း ယိုစိမ့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ မီးလောင်မှုဖြစ်ပွားမှုကြောင့် ကျူးကျော်အိမ်အလုံး(၁၀၀)ခန့် ဆုံးရူံးခဲ့ရတယ်လို့ သိရပါတယ်။ မီးလောင်မှု အတွက် မီးသတ်ဦးစီဌာနမှ Level အဆင့်မီးသတ်ယာဉ်များ ထွက်ခွာငြိမ်းသတ်ခဲ့ကြောင်းသိရပါတယ်။ မီးသတ်ယာဉ်အစီးရေ ၁၀စီးဖြင့်ရောက်ရှိငြိမ်းသတ်ခဲ့ပြီး နောက် Level 2ဖြင့် ငြိမ်းသတ်မှု အပြီး နေ့လည် ၁၂:၁၅တွင် မီးငြိမ်းသတ်သွားကြောင်း သိရပါတယ်။

အဆိုပါ ဂတ်စ်ပိုက်ယိုစိမ့်မှုကြောင့်ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် ကျးကျော်ဆော်လုပ်ကာ နေထိုင်လျက်ရှိသည့် နေအိမ်(၁၀၀)လုံးခန့်မီးလောင် ကျွမ်းခဲ့ကြောင်း နှင့် ၁၂:၁၅တွင် မီးငြိမ်းသတ်သွားကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ လှိုင်သာယာမီးလောင်မှုကို ပရိသတ်များ အတွက် မျှဝေပေးလိုက်ပါတယ်။

Source - KMD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။