ဦးစောခပ်နှင့်ဒေါ်ယူလင်း(ဝပ်ထမ်းကျေးရွာ/နန်းယွန်းမြို့နယ်)နေထိုင်သည့် သားမွေးပြီးနှစ်ရက်မြောက်နေ့တွင် ဖယောင်းတိုင်မီးကြောင့် မီးလောင်ကျွမ်းခဲ့ရာ မီးဘေးအတွင်း မွေးကင်းစကလေးပါရှိသွားသည်ဟု ကလေးအဖေဦးစောခပ်ပြောကြားချက်အရသိရှိရပါတယ်။ ကလေးကိုမီးဘေးအတွင်းကယ်ဆယ်မှုပြုလုပ်နိုင်ခဲ့ပေမယ့် တစ်ကိုယ်လုံးမှာမီးလောင်ဒဏ်ရာများစွာရရှိခဲ့ပါတယ်။

၎င်းမီးလောင်ဒဏ်ရာများကို ကုသရန်ပထမဦးစွာ ပန်ဆောင်ဆေးရုံသို့တက်ရောက်ကုသခဲ့ပြီး အမျိုးမျိုးသောအခြေနေများကြောင့် နန်းယွန်းဆေးရုံသို့ပြောင်းရွှေ့ကုသခဲ့ရပါတယ်။ နန်းယွန်းဆေးရ့ုမှတစ်ဆင့် မြစ်ကြီးနားဆေးရုံကြီးသို့ လွှဲကြားချက်အရ မြစ်ကြီးနားဆေးရုံသို့တငက်ရောက်ကုသမှုခံယူပြီး လုံလောက်မှုမရှိသေးပါက မန္တလေးဆေးရုံအထိ တက်ရောက်ကုသမှုခံယူရမည်ဟုလည်း သိရပါသည်။ ကလေးဧ။်မိဘနှစ်ပါးမှာ ကျပ်တည်းသည့်ကျေးရွာနေပြည်သူများဖြစ်ကြသည့်အလျှောက် မြို့ပေါ်တွင်ဆေးကုရန် ငွေကြေးလုံလောက်မှုမရှိသည့်အတွက် စိုးရိမ်စိတ်ပူနေကြောင်းသိရပါတယ်။ 

ဆေးကုသမှုစရိတ်အလုံအလောက်မရှိသည့်အတွက် စေတနာသဒ္ဒါတရားထက်သန်စွာလှူဒါန်းပေးနိူင်မည့် အလှူရှင်များလိုအပ်နေတယ်လို့သိရပါတယ်။ ဖြူစင်ရိုးသားတဲ့ကလေးငယ်လေးဟာ လောကကြီးထဲခြေချခွင့်တောင်မရနိုင်သေးတဲ့အချိန်မှာ ပြန်ထွက်ခွာသွားရမယ်ဆိုရင် အရမ်းကိုရင့်နှင့်စရာကောင်းလှပါတယ်။ ဖြူစင်တဲ့ကလေးရဲ့ သေမိန့်/ရှင်မိန့်သည် အလှူရှင်တစ်ဦးတစ်ယောက်ချင်းပေါ်မှာမှုတည်နေပါတယ်။ ကလေးလေးအသက်ဆက်ဖို့ရန် လိုအပ်တဲ့လှူဒါန်းမှုတွေကို ပြုလုပ်ပေးနိုင်ကြပါအစေလို့ မျှော်လင့်ဆုတောင်းပေးနေပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။