ပရိသတ်အချစ်တော် မင်းသမီးလေးတွေဖြစ်ကြတဲ့ ခင်ဝင့်ဝါ၊ သွန်းဆက်၊ ယုသန္တာတင်နဲ့ ရတနာဗိုတို့ မင်းသမီးချောလေး လေးယောက်ကတော့ သူငယ်ချင်း မိတ်ဆွေရဲ့ မင်္ဂလာပွဲတစ်ခုမှာ အတူ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်..။

မင်္ဂလာပွဲလေးကို အတူတတ်ရောက်ခဲ့ကြပြီး ဆယ်ဖီဆွဲ ဓာတ်ဖမ်းခဲ့ပြီး ပုံရိပ်လေးတွေကို သူမတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

ချစ်စရာကောင်းတဲ့ သူမတို့ လေးဦးကတော့ အတိုင်အဖောက်ညီညီနဲ့ ချစ်စရာ အမူအရာလေးတွေနဲ့ ဓာတ်ဖမ်းခဲ့ကြပြီး ပရိသတ်တွေ အချစ်ပိုစေခဲ့ပြန်ပါတယ်..။

မင်းသမီးချောလေး သွန်းဆက်က “ခလိန်းတို့ ရဲ့ ဂလု ဆယ်ဖီ..” ဆိုပြီး ဓာတ်ပုံလေးတွေနဲ့အတူ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်..။

မင်းသမီးချောလေး ယုသန္တာတင်ကလည်း “သူငယ်ချင်းတွေ မိတ်ဆွေတွေ မင်္ဂလာဆောင်ရင် ပျော်တာ ပျော်တာ ကိုယ့်ပွဲလိုပဲ..” ဆိုပြီး သူမရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

ချစ်စရာကောင်းတဲ့ သူမတို့ကတော့ ဟန်ပန်အမူအရာ ပို့စ်အမျိုးမျိုးနဲ့ ဆယ်ဖီဆွဲခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်လိုက်ပြန်ပါတယ်..။

ပရိသတ် အချစ်တော် အနုပညာရှင်ဆယ်လီတွေဖြစ်ကြတဲ့ သူမတို့ လေးဦးကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကို အသီးသီး အခိုင်အမာရရှိထားကြတာလည်း တွေ့ရပါတယ်..။

လတ်တလောမှာလည်း အခမ်းအနားပွဲတော်တော်များများတတ်ရောက်နေကြပြီး မဂ္ဂဇင်း၊ ဓာတ်ပုံကြော်ငြာများလည်း ရိုက်ကူးပေးနေပြီး ဇာတ်ကားတွေကလည်း ဆက်တိုက်ရိုက်ကူးနေကြတယ်လို့ သိရပါတယ်..။

Source - သွန်းဆက် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။