မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံမှ Sukhoi Su-30 ဂျက်တိုက်လေယာဉ်ခြောက်စီးဝယ်ယူသွားမည်ဟုသိရပါတယ်။ ရှရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုင်ဂူ၏ မြန်မာနိုင်ငံသို့လာရောက်ခဲ့စဉ်ကတည်းက ထိုဝယ်ယူမှုကို နှစ်နိုင်ငံ သဘောတူညီမှုရရှိထားတာဖြစ်တယ်လို့လဲသိရပါတယ်။ ၎င်းတိုက်လေယာဉ်တွေကတော့မြန့်မာ့တပ်မတော်လေ၏ အဓိကအကျဆုံး တိုက်လေယာဉ်များအဖြစ် နိုင်ငံပိုင်နက်ကို ကာကွယ်ရန်၊ အကြမ်းဖက်ခြိမ်းခြောက်မှုများကို တွန်းလှန်ရန် တာဝန်ထမ်းဆောင်နိုင်လိမ့်မည်ဟုထင်မြင်မိတယ်လို့လဲ ဖိုမင်ကထောက်ခံခဲ့ပါတယ်။

Su-30 လေယာဉ်များသည် အင်ဂျင်နှစ်လုံးတပ်နှစ်ယောက်စီး တိုက်လေယာဉ်များဖြစ်ပြီး ရုရှား၏ Sukhoi လေကြောင်းနည်းပညာ ကော်ပိုရေးရှင်းက တည်ဆောက် ထားတာဖြစ်ပါတယ်။ Su-30 များသည် ဝေဟင်တွင် ပေါ့ပါးလွတ်လပ်စွာ လှုပ်ရှားပျံသန်း စစ်ကစားနိုင် အောင် အဓိကအသားပေးဒီဇိုင်း ထုတ်ထားပြီး ဘက်စုံသုံး (Multi-role) စစ်လေယာဉ်များအဖြစ် တာဝန်ထမ်းဆောင်နိုင်တယ်လို့သိရပါတယ်။ဒါ့အပြင် ရာသီဥတုအမျိုးမျိုးတွင် ပျံသန်းနိုင်သလို ဝေဟင်မှ ဝေဟင်ပစ်ဒုံးနှင့် ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်လက်နက်များ တပ်ဆင်အသုံးပြုနိုင်တယ်လို့သိရပါတယ်။

Su-30 လေယာဉ်များသည် Su-27 တိုက်လေယာဉ်များကို အဆင့်မြှင့်တည်ဆောက်ထားတာဖြစ်ပြီး ၁၉၉၂ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ကာ နှစ်အပိုင်းအခြားအလိုက် အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ခဲ့တယ်လို့လဲသိရပါတယ်။ Sukhio အနေနဲ့လဲ လက်ရှိအချိန်ထိ Su-30 တိုက်လေယာဉ် ၅၄၀ ကျော် တပ်ဆင်ထုတ်လုပ်နိုင်ခဲ့ပြီး လေယာဉ်တစ်စီးအတွက် ပျမ်းမျှကုန်ကျငွေ ဒေါ်လာ ၃၅ သန်းမှ သန်း ၄၀ ကြားရှိတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့လဲ ရုရှား၏မောင်းသူမဲ့ မြေပြင်သုံးစစ် ယန္တရားများ အပါအဝင် ကြည်းတပ်နှင့် ရေတပ်အတွက်လည်း ရုရှားထံမှ စစ်ဘက်နည်းပညာများဝယ်ယူရန် စိတ်ဝင်စားနေတယ်လို့လဲသိရပါတယ်။

source - 7day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။