ဒဏ်ရာရထားတဲ့ လင်းနို့တစ်ကောင်ကို ကယ်တင်ခဲ့ရာက မိမိရဲ့ သားဖြစ်သူအသက်ဆုံးရှုံးသွားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်ဟာ ယခုတလော လူမှုကွန်ယက်တွေပေါ်မှာလည်း နာမည်ကြီးနေပြီး လူအများစုက စိတ်ဝင်စားနေတဲ့ သတင်း တစ်ပုဒ်လည်း ဖြစ်ခဲ့ပါတယ်။ ဖခင်ဖြစ်သူကတော့ ယခုလို သူကယ်တင်လိုက်တဲ့ လင်းနိုကတစ်ကောင်ကြောင့် သူ့ရဲ့ သားဖြစ်သူ အသက်ဆုံးရှုံးသွားတာကို ယူကျုံးမရဖြစ်နေပြီး နောင်တ လည်း ရနေတယ်လို့ ဖွင့် ဟထားပါတယ်။ 

ဖြစ်ပုံကတော့ အသက်(၆)နှစ်အရွယ် Ryker Roque ဆိုတဲ့ ကလေးလေးရဲ့ဖခင်ဟာ ဒဏ်ရာရနေတဲ့ လင်းနို့တစ်ကောင်ကို ကယ်တင်ခဲ့ပါတယ်။ ထိုလင်းနို့ကို ဆင်ဝင်အောက်က ပုံးထဲမှာထားထားပြီး သား ဖြစ်သူကို သွားပီး မထိဖို့အတွက် တားမြစ်ခဲ့ပါတယ်။ သို့သော်လည်း ကလေးငယ်တို့၏ သဘာဝအရ စူးစမ်းလိုစိတ်ဖြင့် ထိုပုံးထဲသို့ လက်ထိုးထည့်ပြီး ဆော့မိတဲ့အချိန်မှာတော့ လင်းနို့လက်သည်းနဲ့ ခြစ်ခံလိုက်ရပါတယ်။ Rykerလေး ဒဏ်ရာရသွားချင်းချင်းပဲ ဖခင်ဖြစ်သူဟာ အင်တာနက်ပေါ်မှ အရေးပေါ်ကာကွယ်ရေးနည်းလမ်းတွေကို အင်တာနက်မှာ အရေးပေါ်ကာကွယ်ရေးနည်းလမ်းတွေကို ကြည့်ကာ Ryker ကို ရေနွေး၊ ဆပ်ပြာတို့နဲ့ ဒဏ်ရာကို ဆေးကြောစေခဲ့ပါတယ်။ ဒါပေမယ့် တစ်ပတ်ခန့်အကြာမှာတော့ ကလေးငယ်ဟာ ခေါင်းကိုက်ခြင်းနဲ့ လက်ထုံခြင်းတို့ဖြစ်လာခဲ့တာကြောင့် ကစားရင်း ခိုက်မိတယ်အထင်နဲ့ ဆေးရုံကို အမြန်ပို့ခဲ့ရပါတယ်။

လင်းနို့ခြစ်တာခံခဲ့ရတာကို ပြောလိုက်ချိန်မှာတော့ ဆေးရုံဝန်ထမ်းများအရေးပေါ်စုဝေးခဲ့ပြီး ၎င်းဒဏ်ရာဟာ အသက်အန္တရာယ်ရှိကြောင်း ပြောပြခဲ့ပါတယ်။ မိသားစုဝင်တွေဟာ Ryker ရဲ့ ဆေးကုသစရိတ်အတွက် ရံပုံငွေအဖွဲ့ထဲမှာ အကူအညီဝင်ရှာခဲ့ပေမယ့် ကလေးငယ်ရဲ့ အသက်ကို မမှီနိုင်ခဲ့တော့ပါဘူး။ သားဖြစ်သူအသက်ဆုံးရံှုးခဲ့ရတဲ့အထိ ဖြစ်ခဲ့တာကြောင့် ဖခင်ဖြစ်သူဟာ လင်းနို့တစ်ကောင်ကို ကယ်မိခဲ့တဲ့သူ့လုပ်ရပ်အတွက် မိမိကိုယ်ကိုအပြစ်တင်ကာ ပူဆွေးနေပါတော့တယ်။

Source: Shwemom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။